ဒီလို Valentine's Day မှာ အချစ်ကို ရှာဖွေနေတယ်ဆိုရင် အဲဒီအစား ဒီ App ကိုအသုံးပြုဖို့ တိုက်တွန်းစေချင်ပါတယ်။ ဘာကြောင့်ဆိုတော့ ချိန်းတွေ့ခြင်းဆိုတဲ့ "Hinge" Application ဟာ အသုံးပြုသူကနေ အပ်လုဒ်လုပ်ထားတဲ့ အသံဖိုင်များအကူအညီဖြင့် အချစ်ကိုရှာဖွေပေးတဲ့ အောင်သွယ်တော်တစ်ခုပဲ ဖြစ်ပါတယ်။

Hinge ကို ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ ဒီ App ကိုအသုံးပြုသူမှာ ၈ သိန်းကျော်ရှိကြောင်း ကုမ္ပဏီရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ ဒီ App ကို အသုံးပြုမယ်ဆိုရင် အရင်ဆုံး အသက်၊ အမျိုးသား(သို့) အမျိုးသမီး ၊ အလုပ်နှင့် ဝါသနာများအကြောင်း စတဲ့ အချက်အလက်အပြည့်အစုံဖြင့် ပရိုဖိုင်ကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာလည်း ၎င်းတို့ရဲ့ ဆက်တိုက် အချက်ပြမှုများကို ဖြေကြားပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Hinge ဟာ အသုံးပြုသူများနှင့် ကိုက်ညီမှုရှိအောင်လည်း အယ်လဂိုရီသမ်တစ်ခုကို အသုံးပြုထားပါတယ်။

ဒီ App တွေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် သိခွင့်ရဖို့အတွက် တကယ့်ကို အကန့်အသတ်ရှိပါတယ်။ ပြီးတော့ စာရိုက်ရုံနဲ့ သင့်ကိုယ်သင် ကောင်းကောင်းကိုယ်စားပြုဖို့က တကယ်ကို ခက်ခဲပါတယ်"လို့ ဖန်တီးခဲ့သူ Samson မှ ပြောကြားထားတာ ရှိပါတယ်။ အသုံးပြုသူများဟာ စက္ကန့် ၃၀ စက္ကန့်ကြာ အသံဖိုင်များကို ၎င်းတို့ရဲ့ ပရိုဖိုင်များမှာ အပ်လုဒ်တင်ရမှာဖြစ်ပြီး App ရဲ့အကြံပြုချက်များကိုတော့ စာဖြင့် ပြန်လည်တုံ့ပြန်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အသုံးပြုသူများဟာ မိမိရဲ့အသံဖြစ်နေဖို့ လိုပါတယ်။

အသံကို မှန်မှန်ကန်ကန်သုံးမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့တဲ့ဘဝကို ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။အကယ်၍ အသုံးပြုနေတဲ့ ပရိုဖိုင်မှာ အသံအချက်ပြမှုတစ်ခုရှိနေရင် Like ရဖို့ ၁၀% ပိုများပြီး တစ်စုံတစ်ယောက်နဲ့ တကယ်ချိန်းတွေ့ရဖို့ ၁.၄ ဆ ပိုများပါတယ်။

Hinge ဟာ မကြာသေးမီက အသံများ စမ်းသပ်ဖို့ တစ်ခုတည်းသော နည်းပညာပလပ်ဖောင်းမဟုတ်ပါ။ ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အော်ဒီယိုသီးသန့်လူမှုကွန်ရက်ဖြစ်တဲ့ Clubhouse ဟာ ကနဦး လူကြိုက်များလာခဲ့အေမယ့် ယခုအခါ သုံးစွဲသူ သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ Twitter နှင့် Facebook တို့မှာလည်း Spaces နှင့် Live Audio Rooms လို့ခေါ်တဲ့ အလားတူ အသံသီးသန့် အင်္ဂါရပ်များကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ TikTok ဟာ Facebook နှင့် ဆင်တူပေမယ့် ဗီဒီယို အစိတ်အပိုင်း မပါဘဲ တိုတောင်းတဲ့ အော်ဒီယိုကလစ်များရဲ့ scrolling feed ကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။