Windows 11 ပေါ်မှာ မိုဘိုင်းဖုန်း Android App‌ တွေကိုအသုံးပြုနိုင်ပြီ

//s9.kh1.co/5f/5f576be5c274b23e8abe40dadd83588fd22528c9.jpg
MPT

 ၀၃-မတ်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

Windows 11 ပေါ်မှာ မိုဘိုင်းဖုန်း Android App‌ တွေကိုအသုံးပြုနိုင်ပြီ

နောက်ဆုံးရထားတဲ့ Windows 11 update ကြောင့် အသုံးပြုသူတွေအားလုံးဟာ PC ပေါ်မှာ Android မိုဘိုင်းဖုန်း Application တွေကိုအသုံးပြုနိုင်တော့မှာပါ။Update မထွက်ခင်ကတည်းက Windows 11 အသုံးပြုသူတချို့အတွက် ဒီလုပ်ဆောင်ချက်သီးသန့်ရရှိခဲ့ပေမဲ့ အခုကတော့ အသုံးပြုသူအားလုံး Application တွေကို ဒေါင်းလုပ်ရယူနိုင်ပြီဖြစ်ပါတယ်။Windows အတွက် Amazon Appstore Preview ပေါ်က Application တွေကိုတော့ ဒေါင်းလုပ်ရယူနိုင်ပါပြီ။

https://s9.kh1.co/__image/w=650,h=342,q=100/9b/9b96eb332750c8066a3a105b2b6cacdba5851ce0.png

ဒီလုပ်ဆောင်ချက်ကြောင့် Android အသုံးပြုသူတွေဟာ ဖုန်းတွေနဲ့ PC ကြားမှာ Application တွေကိုလွယ်လွယ်ကူကူအသုံးပြုနိုင်‌မှာဖြစ်ပေမဲ့ အကုန်လုံးတော့မရရှိနိုင်သေးပါဘူး။Amazon Appstore က Preview အဆင့်မှာပဲရှိသေးတာကြောင့် Application တချို့ကိုသာလက်ရှိမှာ အသုံးပြုနိုင်မှာပါ။Windows 11 ကမိုဘိုင်းဖုန်း App တွေအတွက် Amazon Appstore ကိုအသုံးပြုတာမလို့ ‌ဒေါင်းလုပ်ဆွဲထားတဲ့ Premium app တွေ၊ဝယ်ထားတာတွေအားလုံးဟာ Google Playstore မှာမရှိပဲ Amazon Appstore အကောင့်မှာပဲရှိနေမှာပါ။

https://s9.kh1.co/__image/w=650,h=390,q=100/be/be44b620264c4ea00c7b803fb34be45bacfff13f.jpeg

ထပ်သိရ‌တာတွေအရ Amazon Appstore မှာ Windows 11 အတွက် Amazon Kindle,Audinle,Comixology,The Washington Post App တို့အပါအဝင် ဂိမ်းတွေနဲ့ Application ပေါင်း တစ်ထောင်ကျော်ပါဝင်ပါတယ်။ဒီ Application တွေကို Intel ဖြစ်ဖြစ်၊AMD hardware ဖြစ်ဖြစ်သုံးတဲ့ Windows 11 PC တွေအားလုံးပေါ်မှာအသုံးပြုနိုင်ပြီး နောက်ထပ်အသစ်အသစ်တွေလည်း ထည့်သွင်းသွားဖို့ရှိတယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/a1/a13c185f0ebbc4ba52308d9723fb6bd3cc363f21.jpg
Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T