ပိရမစ်သဖွယ် ပုံစံတူတဲ့ Silbury Hill တောင်ကုန်းဟာ အင်္ဂလိပ်အနောက်တောင်ပိုင်း Wiltshire ခရိုင်ရှိ Stonehenge မြို့ နှင့် Avebury မြို့အနီးမှာရှိပြီး ရှေးဟောင်းနေရာတစ်ခုပဲ ဖြစ်ပါတယ်။ Silbury Hill တောင်ကုန်းဟာ အမြင့် 30 m (98.4252 ft.) နှင့် အကျယ်အားဖြင့် 160 m (524.93ft.) အကျယ်ရှိပြီး ဥရောပရဲ့ အကြီးဆုံး မြေအတုပုံဖြစ်လာခဲ့ပါတယ်။ အဆိုပါတောင်ကုန်းဟာ မြေဖြူခဲများဖြင့် အဓိကထား တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ သမိုင်းမှတ်တမ်းမှာတော့ Silbury Hill ကို ဘီစီ ၂၅ ရာစုရဲ့ နောက်ဆုံးနှစ်တစ်ရာအတွင်း စတင်တည်ဆောက်ခဲ့ပြီး အဆင့်သုံးဆင့်ပါဝင်ခဲ့ပါတယ်။


Silbury Hill ကို ထိုခေတ်က မည်သည့်အတွက်ကြောင့် တည်ဆောက်ခဲ့တာလဲ မသိရဘဲ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး ဒဏ္ဍာရီပေါင်းများစွာရှိနေတာ ဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေရဲ့ ကြားမှာလည်း Silbury Hill တည်ဆောက်ခဲ့တာနဲ့ပန်သက်ပြီး ထင်မြင်ယူဆချက်တွေ များစွာထွက်ပေါ်ခဲ့ပါတယ်။ ဒဏ္ဍာရီတွေမှာတော့ စစ်သည်တော်များ နောက်ဆုံးကျိန်းဝပ်ရာနေရာဖြစ်သလို ဘုရင်ကြီး နှင့် သူ့ရဲ့ စီးတော်မြင်းတို့ကို မြှုပ်နှံထားတဲ့ တောင်ကုန်းလို့လည်း ဆိုပါတယ်။ ဒဏ္ဍာရီများစွာ ထွက်ခဲ့ပေမယ့်လည်း ပညာရှင်များက ဒီတောင်ကုန်းရဲ့ သမိုင်းကြောင်းကို အဖြေရှာဖို့အတွက် လွန်ခဲ့တဲ့ ၃ ရာစုနှစ်က စတင်တူးဖော်ခဲ့ပါတယ်။ စပြီးတူးဖော်ချင်းမှာပဲ တောင်ကုန်းရဲ့ အလယ်ဗဟိုမှာ သီးခြားဥမင်လိုဏ်ခေါင်းသုံးခုကို တွေ့ရှိခဲ့ပါတယ်။

1776 ခုနှစ် နှင့် 1849 ခုနှစ်လောက်မှာ ပထမဆုံးအနေနဲ့ ဥမင်လိုဏ်ခေါင်းနှစ်ခုကို တူဖော်ကြည့်ရာမှာ (ပထမဒေါင်လိုက်၊ ဒုတိယအလျားလိုက်)ဖြစ်ပြီး အထဲမှာ ဘာမှမရှိဘူးလို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာ နောက်ဆုံးကျန်ရှိတဲ့ ဥမင်လိုဏ်ခေါင်းကို ဆက်လက်တူးဖော်ခဲ့ပြီး အထဲမှာ အဆင့်သုံးဆင့်ကို တွေ့ရှိရပါတယ်။ 2000 ခုနှစ် မေလလောက်မှာတော့ မီးတောင်ပေါက်ကွဲမှုကြောင့် အတွင်းဥမင်လိုဏ်ခေါင်းများလည်း ပြိုကျမှုဖြစ်သွားခဲ့ပါတယ်။ ထိုအချိန်ကတည်းစပြီး အဆိုပါ တောင်ကုန်းကို တူးဖော်မှုတွေကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ ယနေ့မှာတော့ Silbury Hill တောင်ကုန်းဟာ 'Stonehenge၊ Avebury and Associated Sites' လို့ လူသိများတဲ့ UNESCO ကမ္ဘာ့အမွေအနှစ်နေရာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့ပြီဖြစ်ပါတယ်။





