ဆံညှပ်လှလှလေးတွေသုံးပြီး IU လေးလို အလှပြင်ကြမယ်

//s9.kh1.co/cc/cc7d28a53d02c1829e9e4bd3f8b641416142016a.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၅-ဖေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

IU ဆိုတဲ့ ဖြူဖြူဖွေးဖွေး ကောင်မလေးဟာ အဆိုလည်း တော်၊ သရုပ်ဆောင်လည်းကောင်းပြီး ချစ်စရာကောင်းတာမို့ ပရိသတ်တွေ ရင်ထဲ နေရာအပြည့်ယူထားတဲ့ မင်းသမီးလေး ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်အမြင်ကလည်း ထူးခြားလှပတာမို့ ပျိုမေတို့ အတုယူချင်စရာလေး ဖြစ်နေပါတယ်။ ဆံပင်လေးတွေကို ပုံစံအမျိုးမျိုးနဲ့ အလှပြင်ချင်တယ်၊ ဒါပေမဲ့ အချိန်လည်း သိပ်မရ၊ မလုပ်လည်း မလုပ်တတ်ဘူးဆိုရင်တော့ အခုပြောပြမယ့် IU ရဲ့ ဆံညှပ်ကလေးတွေသုံးပြီး အလှပြင်လိုက်ပါတော့နော်။

https://s9.kh1.co/__image/w=650,h=976,q=100/7e/7ec14eaae172df79a5cad210f503c22ba069c898.jpg

1. ဖဲပြားအကြီးကြီး

ဆံပင်ရှည်လေးကို ရိုးရိုးလေးပဲ တစ်ဝက်စီးပြီး အင်္ကျီအရောင်နဲ့လိုက်တဲ့ ဖဲပြားလေး တွယ်လိုက်ရင် မင်းသမီးလေးလို ချစ်စရာကောင်းနေမှာနော်။

https://s9.kh1.co/__image/w=650,h=732,q=100/8b/8b41c1235b26d0d2270e763f4a5dc8bcb5baa6a9.jpg

2. ကလစ်လှလှတစ်ခုပဲ အသားပေးတပ်ပါ။

ကိုယ့်ရဲ့ အဝတ်အစားက လုံးဝ အဆင်ပြေနေပြီ။ ကျန်တဲ့ Accessories လေးတွေလည်း အိုကေ။ အိုဗာကြီးလည်း မပြင်ချင်ဘူး။ ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ဆန် သိမ်မွေ့တဲ့ပုံလေးပဲ ပြင်ချင်ရင်တော့ IU ရဲ့ Hotel Del Luna ထဲက ဒီပုံလေးလို ကလစ်ကြီးကြီး လှလှလေးတစ်ခုပဲ အသားပေးပြီး ပန်လိုက်ပါတော့။

https://s9.kh1.co/__image/w=650,h=650,q=100/dc/dc776375bef82c44a4663c065bfced12340075ff.jpg

3. ကပိုကရို ကလစ်သေးသေးလေးများ

ဒါလေးကတော့ ၉၀ ခုနှစ်များဆီက ပုံစံလေးပေါက်တယ်။ ကလေးဆန်ပြီး ချစ်စရာကောင်းတယ်။ အခုခေတ်စားနေတဲ့ လက်ဖောင်းဂါဝန်အတိုဝဲဝဲလေးတွေနဲ့ဆို သိပ်လိုက်မှာပဲဆိုတာ မယုံမရှိနဲ့နော်။

https://s9.kh1.co/__image/w=650,h=651,q=100/97/97d145842c60189f0a91915790e3d813c475bd82.jpg

4. ပွဲတက် ဆံထိုး

ပွဲတက်မယ့် မမတို့အတွက် ဆံထုံးရိုးရိုးမဖြစ်အောင် ဆံထိုးလှလှလေးတစ်ခုတော့ ဆောင်ထားသင့်ပါတယ်။

https://s9.kh1.co/__image/w=540,h=720,q=100/4a/4a99a97d6c015521195df7ae083257fa9e89dcb2.jpg

5. ထသွားထလာတပ်ဖို့ ကလစ်ကလေးများ

သူငယ်ချင်းတွေနဲ့ အပြင်သွားတာ၊ ချိန်းတွေ့တာမျိုးမှာ ချစ်စရာကောင်းတဲ့ အသွင်အပြင်ရချင်ရင် ကလစ်လှလှလေးတွေသာ ကောက်တွယ်သွားလိုက်ပါ။

https://s9.kh1.co/__image/w=650,h=732,q=100/06/06c8548a5e1650d1257cda4112aaff9476f1436d.png

IU လေးကတော့ အလှဆုံး ပြင်ပြပြီးသွားပြီ။ ပျိုမေတို့ ကြိုက်ရာရွေးပြီး လှလိုက်ကြပါတော့နော်။

Ref : https://www.zoomtventertainment.com/korean/love-wearing-clips-try-these-tips-and-hacks-from-k-pop-star-iu-korean-entertainment-k-pop-news-article-89722202

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T