နော်ဝေး သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အပင်အခြေခံအစားစာများကို အစားအသောက်တွေမှာ ထည့်စားခြင်းဟာ အသက်ပိုပြီရှည်စေတယ်လို့ ဆိုပါတယ်။ ဥပမာ အပင်အခြေခံအစားစာ ထည့်စားတဲ့ အသက် ၂၀ အရွယ်ရှိသူဟာ အသက် ၁၀ နှစ်အထိ ရှည်နိုင်စေပါတယ်။ အနည်းငယ်ထည့်စားပေးရုံဖြင့်လည်း ၆ နှစ်ထိ တိုးလာနိုင်ပါတယ်။

ဒါ့အပြင် PLOS Medicine ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုမှာလည်း အပင်အခြေခံအစားစာ ပထမဆုံးထည့်စားတဲ့ အသက် ၈၀ အရွယ် အမျိုးသားဟာ ၎င်းတို့ရဲ့ သက်တမ်းကို သုံးနှစ် ထပ်ရှည်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါကတော့ အစားအသောက် ပြောင်းလဲမှုပုံစံနဲ့ လူတွေရဲ့ သတ်တမ်းကို တွက်ချက်နိုင်တဲ့ သဘောပါ။

အပင်အခြေခံအစားစာ ဆိုတာ ဘာတွေတွေလဲ.....?
အပင်အခြေခံတဲ့အစားစာ ဆိုတာက ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ပဲပင်များ၊ ပဲအမျိုးမျိုးနှင့် သစ်သီးဝလံများအပါအဝင် အပင်များမှရရှိသော အစားအစာအများစု ပါဝင်တာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သား၊ငါး မပါတဲ့ သတ်သတ်လွတ်အစားအစာများဖြစ်ပါတယ်။ အဆိုပါ အစားစာတွေဟာ U.S. News & World Report မှ သတ်မှတ်တဲ့ နှစ်စဉ်အကောင်းဆုံးအစားအစာတွေလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အပင်အခြေခံ စားသောက်မှုလမ်းကြောင်းနှင့် ပတ်သက်ပြီး ဖြေထားပေးတဲ့ မေးခွန်းလေးခုရှိပါတယ်။
၁။ အပင်ကိုအခြေခံတဲ့ အစားအသောက်တွေမှာ ဘာတွေစားသင့်လဲ......
အပင်ကိုအခြေခံတဲ့ အစားအသောက်တွေမှာ ဘာတွေစားသင့်လဲဆိုရင် ကယ်လိုရီ လုံလောက်စွာရနိုင်တဲ့ အသီးအရွက်တွေကိုသာ များများစားသုံးရမယ်လို့ ဆိုပါတယ်။
၂။ အပင်အခြေခံ'အစားစာတွေနဲ့ ထုတ်လုပ်ထားတဲ့ အစားအစာတွေကော စားသုံးသင့်သလား....
အပင်အခြေခံထုတ်ကုန်အများအပြားဟာ ကောင်းမွန်စွာ ဓာတုပစ္စည်းအမျိုးမျိုးဖြင့် စီမံဆောင်ရွက်ထားတာဖြစ်တာကြောင့် ဆိုဒီယမ်နှင့် ပြည့်ဝဆီများစွာ ပါဝင်နေသေးပါတယ်။ ဆိုလိုတာက ထုပ်ပိုးပြီး ပြုပြင်ထားတဲ့ အစားအစာတွေကို မဝယ်၊မစားသုံးဖို့ အလေးပေပြောကြားထားပါတယ်။

၃။ အပင်အခြေခံ'အစားစာများမှာ ဆိုးကျိုးများရှိသလား
အမှန်တကယ်တော့ အပင်အခြေခံ'အစားစာများဟာ ဆိုးကျိုးမရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာ၊ အဓိကနာတာရှည်ရောဂါတွေအားလုံးရဲ့ အန္တရယ်ကိုလည်း အဲဒီအစားစာတွေက လျှော့ချပေးနိုင်သလို ကိုယ်အလေးချိန်မကျအောင်လည်း ရေရှည် ထိန်းထားပေးတယ်လို့ပါတယ်။
၄။ အပင်အခြေခံအစားအစာဟာ ကျွန်ုတော်တို့အတွက် အကျိုးသက်ရောက်မှု ရှိမရှိကို ဘယ်လို့သိနိုင်လဲ
ဟားဗတ်ဆေးကျောင်းမှ အဝလွန်သောဆေးပညာရှင် ဒေါက်တာ Fatima Cody Stanford ရဲ့ ပြောကြားချက်အရ သင်နေကောင်းတယ်လို့ ခံစားရပါက အပင်အခြေခံအစားအစာများဟာ သင့်အတွက် အသုံးဝင်ကြောင်း သိပါလိမ့်မည်လို့ဆိုပါတယ်။ အကျိုးသက်ရောက်မှုရှိမရှိတဲ့ အဖြေဟာ "သင့်ခန္ဓာကိုယ်မှာ အဖြေရှိပါတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - Good Morning American