ပြည့်တန်ဆာရဲ့နှုတ်ခမ်းလို့ လူသိများတဲ့ ရှားပါးပန်းတစ်မျိုး

//s9.kh1.co/23/237b01a60513ab413456d8d39bd1288a4167e9e4.jpg
MPT

 ၁၈-ဖေ-၂၀၂၂ ၈am · လွန်ခဲ့သော ၄ နှစ် က

ပြည့်တန်ဆာရဲ့နှုတ်ခမ်းလို့ လူသိများတဲ့ ရှားပါးပန်းတစ်မျိုး

အမှတ်တမဲ့ကြည့်လိုက်ရင် ဓာတ်ပုံပညာနဲ့ ပြုပြင်ဖန်တီးထားတယ်လို့ ထင်ရပေမဲ့ တစ်ကယ်တော့ ပုံမှာမြင်ရတဲ့အတိုင်း ပန်းအစစ်ပဲဖြစ်ပါတယ်။သဘာဝအတိုင်း ထူးဆန်းစွာ ပွင့်ဖူးလာတဲ့ ဒီပန်းရဲ့အလှက မြင်ရသူတိုင်းကို တအ့ံတဩဖြစ်စေခဲ့ရပါတယ်။အခုလိုထူးဆန်းလှတဲ့ ပြည့်တန်ဆာပန်းရဲ့ သိပ္ပံအမည်ကတော့ Pschotria Elata လို့ခေါ်ပါတယ်။အပူပိုင်းဒေသတွေဖြစ်တဲ့ ကော်စတာရီကာ၊ပနားမားနဲ့ကိုလံဘီယာတို့လို နိုင်ငံမျိုးတွေမှာ အလေ့ကျ ပေါက်ရောက်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/01/01bf11101e62ebc4e89f436afda7f2359e00023d.jpg

ဒေသခံတွေကတော့ အဆိုပါပန်းကို Hooker’ s Lips (ပြည့်တန်ဆာနှုတ်ခမ်း) လို့သာအလွယ်တကူခေါ်ကြပါတယ်။အနီရဲရဲနှုတ်ခမ်းထူထူ နှစ်လွှာနဲ့တူတဲ့ ဒီပန်းတွေဟာ ပန်းပွင့်ပုံစံထက် ပွင့်ဖတ်တွေနဲ့ ပိုတူတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ ပွင့်ဖတ်တွေထဲမှာ အဖြူရောင်ပန်းပွင့်လေးတွေ ကြီးထွားနေတာကို မြင်ရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=397,q=100/c9/c9672bbefb8c23b30a5364ea94b6a494f5253fff.jpg

သူရဲ့အသီးဟာ ဘဲဥပုံဘယ်ရီသီးလိုမျိုးဖြစ်ပီး ရင့်လာတဲ့အခါမှာတော့ အနက်ရောင် ဒါမှမဟုတ် အပြာရောင်အဖြစ်ပြောင်းလဲသွားတတ်ပါတယ်။သို့ပေမယ့် ယခုလိုအ့ံြသစရာကောင်းလှတဲ့ ပြည့်တန်ဆာနှုတ်ခမ်းပန်းဟာ မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။ သစ်တောပြုန်းတီးမှု ၊ ပန်းအလှစိုက်သူများပြားလာခြင်းတို့ကြောင့် တဖြည်းဖြည်းရှားပါးလာပါတော့တယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T