အသီးကိုစားလိုက်တာနဲ့ လူတွေကို သေရွာပို့ပေးနိုင်တဲ့ သစ်ပင် (သို့) Tree of Death

//s9.kh1.co/da/da828836cf435eb2dc6d95ba2ef8f47341b478a7.jpg
MPT

 ၁၄-ဖေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

အသီးကိုစားလိုက်တာနဲ့ လူတွေကို သေရွာပို့ပေးနိုင်တဲ့ သစ်ပင် (သို့) Tree of Death

သစ်သီးတော်တော်များများကိုတော့ ဆေးအဖြစ်သော်လည်းကောင်း စားသုံးဖို့အတွက်သော်လည်းကောင်း နည်းအမျိုးမျိုးနဲ့ အသုံးပြုကြပေမယ့် အသီးအကုန်လုံးကိုတော့ အသုံးပြုလို့မရပါဘူး။ စားသုံးလိုက်ရင် အဆိပ်အတောက်တွေဖြစ်စေနိုင်တဲ့အသီးတွေရှိသလို လူတွေကို ဒုက္ခများစွာရောက်စေတဲ့ အသီးတွေလည်း ရှိပါတယ်။ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်လည်း စားတာနဲ့ လူတွေကို သေရွာပို့ပေးနိုင်တဲ့ ထူးဆန်းတဲ့ သစ်သီးအကြောင်းကိုဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=600,h=342,q=100/c4/c481af672b5ca61c73b3f361a422a56dc149f54d.jpg

ဒီအသီးရဲ့ပုံစံကိုကြည့်လိုက်ရင်တော့ အသီးဟာစားလို့ကောင်းမယ့်အသီးလို့ထင်ရပေမယ့် တစ်ကိုက်စားမိရင်အန္တရယ်ဖြစ်စေနိုင်မယ့် အဆိပ်တွေကအသီးအတွင်းမှာပြည့်နှက်နေတယ်လို့သိရပါတယ်။အဲဒီသစ်ပင်ရဲ့အမည်ကတော့ Manchineel ဖြစ်ပြီး တစ်နည်းအားဖြင့် Poison Guava လို့လည်းခေါ်ပါတယ်။ ဒီအပင်တွေကိုတော့ အမေရိကန်ရဲ့ ဖလော်ရီဒါ ၊ ဘမားမတ် ၊ မက္ကဆီကို နဲ့ တောင်အမေရိကနိုင်ငံအချို့မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=590,q=100/6f/6f997375b5651e785c70ebb8d1fef2ec98fe349d.jpg
https://s9.kh1.co/__image/w=600,h=400,q=100/e0/e032c4897ef8821e2b0c9b0df247821c0341ecd8.jpg

တောင်အမေရိကမှာတော့ ဒီအပင်ကို “Tree of Death” သေမင်းတမန်သစ်ပင် လို့လူသိများပါတယ်။ ကမ္ဘာကျော် ရေကြောင်းခရီးသွားလာသူ ကိုလံဘတ် နဲ့ သူ့ရဲ့သင်္ဘောသားတွေလာရောက်ခဲ့တဲ့ အချိန်တည်းက ဒီအပင်ကို သိခဲ့ကြပါတယ်။ စားမိသူတချို့သေဆုံးခဲ့တဲ့အတွက် သူ့ရဲ့မှတ်တမ်းထဲမှာ ဒီအပင်ကို သေစေတဲ့ပန်းသီးငယ်(little apple of death) လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။နာမည်ကြီး စပိန်လူမျိုးနယ်မြေချဲ့ထွင်သူတစ်ဦးဖြစ်တဲ့ Juan Ponce de León ဟာ ဒီအဆိပ်သုတ်လိမ်းထားတဲ့ မြှားကြောင့် သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ဒါ့ကြောင့် ဒီအပင်တွေကို လူတွေထိတွေ့ကိုင်တွယ်ဖို့ တားမြစ်ထားပြီး အန္တရာယ်ရှိတဲ့အပင်အဖြစ် သတ်မှတ်ထားကြပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/98/98e7fcd73957955e1325febf356f17a0f019511b.jpg
https://s9.kh1.co/__image/w=600,h=401,q=100/9f/9fb10690ae2ea77596103d4a8a332b92f36ad8c7.jpg
Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T