စူပါမန်းတောင် မမြင်တွေ့ဖူးနိုင်တဲ့ ပင်လယ်အောက်ခြေက ထူးဆန်းငါး

//s9.kh1.co/94/943060db789c7827d9197722f61c36a9c01d5b7b.jpg
MPT

 ၁၃-ဖေ-၂၀၂၂ ၅pm · လွန်ခဲ့သော ၄ နှစ် က

စူပါမန်းတောင် မမြင်တွေ့ဖူးနိုင်တဲ့ ပင်လယ်အောက်ခြေက ထူးဆန်းငါး

အရမ်းရှားပါးပြီး ထူးဆန်းတဲ့ ငါးတစ်ကောင်ရဲ့ ရုပ်သံကို ပညာရှင်တွေ ထုတ်ပြပြီးနောက် ထိတ်လန့်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီငါးရဲ့ခေါင်းကို ထိုးဖောက်မြင်နေရလို့ပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကယ်လီဖိုးနီးယားကမ်းရိုးတန်းရှိ Monterey ပင်လယ်အော်တွင် ဂြိုလ်သားနှင့်တူတဲ့ ဒီသတ္တဝါကို ရေနက်ပိုင်းမစ်ရှင်တစ်ခုတွင် တွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=384,q=100/9a/9ab784b6397a2ad45108e6ca46b21c212c04b070.png

ဒီငါးရဲ့ Video ကိုတော့ Monterey Bay Aquarium Research Institute (MBARI) က ပြန်လည်ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကတော့ ရေနက်ပိုင်းတွေမှာ ရှာဖွေမှုတွေလုပ်ကြတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဒီငါးကို တွေ့ရှိခဲ့ရတဲ့ နေရာကတော့ ရေအနက် ပေ ၂၀၀၀ နဲ့ ၂၆၀၀ ကြားမှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=426,q=100/08/0831dca4120af8584f0f6fdd917cac42cb87d09f.png

သင်အခုမြင်တွေ့နေရတဲ့ ထူးဆန်း ငါးကိုတော့ Barreleye ငါးလို့ခေါ်ပါတယ်။ သူတို့ဟာ ခြောက်လက်မအထိ ရှည်လျားနိုင်ပြီး အမှောင်ထဲတွင် သားကောင်ကို အမဲလိုက်နိုင်ပါတယ်။ ဒါ့ကြောင့်ပဲ သူတို့ရဲ့ မျက်လုံးတွေက ကြီးမားနေတာဖြစ်ပါတယ်။ Barreleye ငါးဟာ သုတေသီများ ရှာဖွေနေကြတဲ့ အလားတူ ရေခူကို အမဲလိုက်ရာတွင် ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့်စူပါမန်းအနေနဲ့လည်း ဒီလိုငါးကို မြင်တွေ့ဖူးမှာမဟုတ်ပါဘူး။ သူက ဒီထက်ပိုထူးဆန်းတာတွေကိုပဲ တွေ့ရှိနေရတာကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/0e/0ef223da40dc2378b4388bf1cdfdaf24af22f08e.png
Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T