အစားအသောက် ရှောင်ကြဉ်ခြင်း နှင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်စရာမလိုဘဲ ကိုယ်အလေးချိန် လျှော့ချစေမယ့် နည်းလမ်းလေးတစ်ခု

//s9.kh1.co/45/451b7c50f7fd6509b7f47789cb7857190e78a419.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၉-ဖေ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ကျွန်တော်တို့တွေဟာ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အစားအသောက် ရှောင်ရှားခြင်းများအပြင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချနေကြတာ ဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတွေအတွက် အလွယ်ကူဆုံး နည်းလမ်းတစ်မျိုးကို ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီနည်းလမ်းလေးကလည်း အိပ်ရတာကို ကြိုက်နှစ်သက်သူတွေအတွက် သဘောကျစေမှာပါ။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ဒါကတော့ တစ်ညလျှင် တစ်နာရီ (သို့မဟုတ်) ထို့ထက်ပိုပြီး အိပ်စက်မယ်ဆိုရင် ကိုယ်အလေးချိန် လျော့ကျစေဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာချက်တွေကို တနင်္လာနေ့က ထုတ်ဝေတဲ့ JAMA Internal Medicine ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်မှာတော့ တစ်ညကို ၁ နာရီခန့်ပိုပြီး အိပ်စက်မယ်ဆိုရင် ကယ်လိုရီ ၁၅၀ ခန့် လျော့ကျစေပြီး သုံးနှစ်တာကာလအတွင်း ဒီလိုအိပ်စက်ဆိုရင် ကိုယ်အလေးချိန်ဟာ ၂၆ ပေါင်အထိ လျော့ကျစေနိုင်ကြောင်း သုတေသီများက တွေ့ရှိထားပါတယ်။ ချီကာဂိုတက္ကသိုလ်နှင့် Wisconsin-Madison တက္ကသိုလ်မှ သုတေသီများ ဦးဆောင်တဲ့ လေ့လာမှုအရ ယခုနောက်ပိုင်း လူအများစုဟာ တစ်ညလျှင် ၅ နာရီ ၊ ၆ နာရီလောက်သာ အိပ်ကြတယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

U.S. ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများရဲ့ အဆိုအရ အသက် ၁၈ နှစ်ပြည့်ပြီးသူများဟာ တစ်ညလျှင် အနည်းဆုံး ၇ နာရီ အိပ်သင့်ပြီး မွေးကင်းစကလေးများနှင့် အခြားကလေးတွေကတော့ အသက်အရွယ်ပေါ်မူတည်ကာ တစ်ညလျှင် ၁၁ နာရီမှ ၁၆ နာရီကြားအထိ အိပ်သင့်တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက်များကတော့ တစ်ညလျှင် ၈ နာရီမှ ၁၀ နာရီအထိ အိပ်သင့်တယ်လို့ CDC မှ အကြံပြုထားခဲ့ပါတယ်။ လုံလောက်တဲ့ အိပ်စက်ခြင်းကို ရရှိမယ်ဆိုရင် သွေးတိုးနဲ့ နှလုံးသွေးကြော ဆိုင်ရာရောဂါတွေကို လျော့ကျစေနိုင်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ယမန်နှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာလည်း လူလတ်ပိုင်းတွေစာ တစ်ညလျှင် ၆ နာရီထက်နည်းပြီး အိပ်စက်ခြင်းဟာ တွေးခေါ်မှု၊ မှတ်မိခြင်း နှင့် ဆင်ခြင်ခြင်းကဲ့သို့ မှတ်ဥာဏ်လုပ်ဆောင်နိုင်စွမ်းများဟာ ၃၀ % လောက် ပျက်စီးဆုံးရှုံးစေပါတယ်။ လေ့ကျင့်ခန်းတွေ မလုပ်ချင်းဘူး ၊ အစားအသောက်တွေ မရှောင်ကြဥ်ချင်တဲ့ သူတွေအတွက် ဒီနည်းလမ်းလေးကို သဘောကျစေမှာ အသေအချာပါ။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - Good Morning America

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T