ပါရာစီတမောကို နေ့စဉ် သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရယ်

//s9.kh1.co/93/93f8f2d73ad65609e6d20838684d7ec7d99b6686.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၈-ဖေ-၂၀၂၂ ၁၁pm · လွန်ခဲ့သော ၂ နှစ် က

.

Edinburgh တက္ကသိုလ်မှ သုတေသီများက အကိုက်အခဲပျောက်ဆေး ပါရာစီတမောကို နေ့စဥ်သောက်သုံးခြင်းဟာ ရောဂါဝေဒနာရှင်များအတွက် နှလုံးဖောက်နိုင်ခြင်း (သို့မဟုတ်) လေဖြတ်နိုင်ခြင်း စတဲ့အန္တရာယ်ဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေတယ်လို့ သတိပေးလာခဲ့ပါတယ်။ ဒါကြောင့် ဆရာဝန်များက ကိုက်ခဲနေသူတွေအတွက် အချိန်တိုတွင်းသက်သာစေမယ့် ဆေးကိုသာပေးသင့်ကြောင့် အကြံပြုထားပါတယ်။

Photo Credit - Getty Images
Photo Credit - Getty Images
Photo Credit - Getty Images
Photo Credit - Getty Images

စကော့တလန်ရှိ NHS ဆရာဝန် ဒေါက်တာ Iain MacIntyre ကတော့ ဒီသတိပေးချက်ဟာ ခေါင်းကိုက်ခြင်း သို့မဟုတ် အဖျားအတွက်ပါရာစီတမောကို ခဏတာအသုံးပြုသူတွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောဆိုထားပါတယ်။ ဒါကလည်း ပုံမှန်အားဖြင့် နာတာရှည်ရောဂါတွေအတွက် အချိန်ကြာကြာ ပုံမှန်သောက်နေသူတွေ အတွက်သာ ဖြစ်ပါတယ်။

Photo Credit - Getty Images
Photo Credit - Getty Images

ဆေးပညာရှင်များကတော့ သွေးပေါင်ချိန်တက်တဲ့ နာကျင်မှုရှိသူများအတွက် ပါရာစီတမောကို မကြာခဏ ဆေးပေးလေ့ရှိပါတယ်။အရွယ်ရောက်ပြီးသူ ၁၀ ယောက်လျှင် ၁ ယောက်ဟာ ပါရာစီတမောကို ရေရှည်သောက်သုံးတာတွေ့ရှိရပါတယ်။ ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဆေးဝါးဖြစ်တဲ့ ပါရာစီတမောဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ သွေးပေါင်ချိန်ကို တိုးစေတာကြောင့် ပါရာစီတမောကို ရေရှည်အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

Photo Credit - Getty Images
Photo Credit - Getty Images

သတင်း အရင်းအမြစ်Source - The San

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T