ဖုန်းကြိုးအဟောင်းများ၊ ခြေစွပ်အဟောင်းများကနေ ဖိနပ်လှလှလေးတွေ တီထွင်ဖန်တီးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဒီဇိုင်နာမလေး

//s9.kh1.co/3f/3fb52367142831ac845df229941423c5bcea84ca.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၃၀-ဇန်-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ အားကစားစိတ်ပညာ ကျောင်းသူ Tega Akinola ဟာ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကြောင့် အိမ်တွင်းပုန်းနေရတုန်း အရမ်းအကျိုးရှိတဲ့ ဒီဇိုင်းတစ်ခု တီထွင်ခဲ့ပါတယ်။ သူမဟာ ကျောင်းတွေ ပိတ်လို့ မိဘအိမ် ပြန်လာတုန်း အခန်းရှင်းရင်း အသုံးမဝင်တော့တဲ့ ဖုန်းကြိုး၊ အားသွင်းကြိုးတွေနဲ့ ခြေအိတ်အဟောင်းတွေကို အခန်းထောင့်မှာ တွေ့လိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/29/295b9b746c66af3367d86d3b42f81dde5f3b9be3.jpg

အဲဒါနဲ့ USB အားသွင်းကြိုးက အတုံးလေးကို သူမရဲ့ ဖိနပ်မှာ ကော်ကပ်ကြည့်လိုက်တဲ့အခါ ဒေါက်ဖိနပ်လှလှလေး ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ အိုင်ဒီယာရပြီး တစ်အိမ်လုံးမှာ ရှိတဲ့ ကြိုးအဟောင်းတွေ၊ ပိတ်စအဟောင်းတွေကို ယူပြီး ဖိနပ်ဒီဇိုင်း၊ အိတ်ဒီဇိုင်းလေးတွေ ဖန်တီးခဲ့ပါတယ်။ Tega ဟာ ဂျန်ဇီ လူငယ်တစ်ယောက်ဆိုတော့ လူငယ်တွေ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးဝတ်လို့ရမယ့် အားကစားလုပ်တဲ့အခါလည်း အဆင်ပြေမယ့် street style လေးတွေ ဖန်တီးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/0d/0d36d30a47da92d586762057bee56af9b6156034.jpeg

သူမက လုပ်ပြီးသလောက်လေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ မျှဝေခဲ့တဲ့အခါ followers တွေက ကြိုက်ခဲ့ကြပါတယ်။ Tega က အားကစားလိုက်စားတဲ့လူဆိုတော့ သူမရဲ့ လှုပ်ရှားနေတဲ့ပုံလေးတွေက အရင်တည်းက အင်စတာဂရမ်မှာ နာမည်ကြီးပြီးသားပါ။ အဲဒီတော့ ဒီ ဖန်တီးမှုလေးတွေက ပိုပေါက်သွားပါတော့တယ်။

https://s9.kh1.co/__image/w=650,h=650,q=100/19/191805bb907166270e5dc43f52f643a3a44c1de7.jpeg

ပရိသတ်တွေက သူတို့အတွက်ပါ ရောင်းပေးဖို့ တောင်းဆိုလာပြီး နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ APOC store က သူမကို အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းတာခံခဲ့ရပါတယ်။ ဒီလိုနဲ့ အခုဆို Tega ရဲ့ လက်ရာတွေကို ဝယ်ယူနိုင်နေပါပြီ။ ၂၀၂၂ နောက်ပိုင်းမှာ အထူးအော်ဒါတွေပါ လက်ခံသွားမယ်လို့ ဆိုပါသေးတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/5b/5b40df6c67c9d980b122e88930842171c1531846.jpeg

Tega ရဲ့ မေမေက အပ်ချုပ်သမ တစ်ဦးဖြစ်ပြီး ဖေဖေက ဂရပ်ဖစ်ဒီဇိုင်နာ ဖြစ်ပါတယ်။ ဒါကြောင့် သူမက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးမှုအားကောင်းတဲ့ ရပ်ဝန်းမှာ ကြီးပြင်းလာခဲ့တာပါ။ အခု ဒီလိုလုပ်နိုင်တာလည်း မေမေ့အကူအညီတွေ အများကြီးပါတယ်လို့ Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ နောက်လည်း ဒီထက်ပိုအောင်မြင်ပါစေ။

https://s9.kh1.co/__image/w=650,h=924,q=100/97/97c9c025dbd82937fdb95a23a6b4bd189622fa86.jpg

Ref : Vogue 

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T