ကိုဗစ်​ပိုးကို ခုခံတော်လှန်နိုင်တဲ့ မျိုးဗီဇ သိပ္ပံပညာရှင်များ တွေ့ရှိ

//s9.kh1.co/da/da526f2b33f99422096b3aa3d3270fdd2c6d3065.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၄-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ကိုဗစ်ပိုးဟာ ကူးစက်လွယ်ပါတယ်။ ဒါပေမဲ့ ကူးတဲ့ လူတိုင်း ဆေးရုံတက်စရာ၊ အောက်ဆီဂျင်ရှူစရာ မလိုပါဘူး။ တူညီတဲ့ပိုး ကူးခံရတာတောင် လူတစ်ယောက်နဲ့ တစ်ယောက် ရောဂါ ခံစားရတာချင်း မတူတာကို သိပ္ပံပညာရှင်များက စိတ်ဝင်စားကြပါတယ်။ ဒါနဲ့ ဆွီဒင်နိုင်ငံက သုတေသန ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ တချို့လူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို ခုခံတော်လှန်နိုင်မယ့် မျိုးဗီဇ ဒီအန်အေ ရှိတယ်လို့ သိရပါတယ်။ ရှေးဟောင်း နီအန်ဒါသယ်လူမျိုးစုက ဆင်းသက်လာတဲ့ ဥရောပတိုက်သားတွေမှာ ဒီမျိုးဗီဇကို တွေ့ခဲ့ရတာပါ။

https://s9.kh1.co/__image/w=360,h=222,q=100/7c/7cd71129853efd3235e2424a9ce7b26f61aa88b0.jpg

သူက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှာ ပါဝင်တဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပြုပြင်တဲ့ မျိုးဗီဇ ဖြစ်ပါတယ်။ ဒီကောင်လေးက ကိုဗစ်ရောဂါကို ဖြစ်စေတဲ့ Sars-Co V 2 ဗိုင်းရပ်စ်ကို ချေမှုန်းပစ်နိုင်ပါတယ်။ သူအလုပ်ကောင်းကောင်းလုပ်ရင် ရောဂါ သိပ်မဆိုးဘူးပေါ့။ ဆက်ပြီး လေ့လာတဲ့အခါ အာဖရိကန်နွယ် လူမျိုး ၈၀% မှာလည်း ဒီမျိုးဗီဇကို တွေ့ရှိခဲ့ရပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=434,q=100/8b/8b93c3926c0bf3cb749f408a641b94c1a8d7956f.jpg

ဒီတွေ့ရှိမှုဟာ ကိုဗစ်ရောဂါ ကုသတဲ့နေရာမှာ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ ဒီ မျိုးဗီဇရဲ့ အလုပ်လုပ်ပုံကို ကြည့်ပြီး လိုအပ်တဲ့ ဆေးဝါးတွေ ထုတ်လုပ်လို့ရတာပေါ့။ ဒီအကြောင်းကို Nature Genetics ဆိုတဲ့ သုတေသနဂျာနယ်မှာလည်း ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Ref : https://www.ndtv.com/world-news/coronavirus-researchers-in-sweden-identify-gene-variant-that-protects-against-covid-2712291/amp/1#referrer=https%3A%2F%2Fwww.google.com&amp_tf=From%20%251%24s

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T