ခိုင်နှင်းဝေကတော့ ဂေဟာမှာခေါ်ယူမွေးစားထားတဲ့ သူ့ရဲ့ကလေးတွေကို သူ့သားသမီးအရင်းအချာလေးတွေလို မိခင်မေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ တစ်နေ့တစ်နေ့ ကလေးတွေကိုကြည့်ပြီး ကလေးတွေရဲ့ လှုပ်ရှားပြုတိုင်းနဲ့ အပြုအမူတိုင်းကို ကြည့်ကာပီတိဖြစ်နေခဲ့တာပါ။
မေမေခိုင်နှင်းဝေက ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးပြီး တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုလုပ်ပေးနေတာကြောင့် သားသားမီးမီးလေးတွေကလည်း နွေးထွေးလုံခြုံနေတာဖြစ်ပါတယ်။
ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေက နေ့ခင်းဘက် ဂေဟာမှာ သားသားမီးမီးလေးတွေကို ကိုယ်တိုင်ချော့သိပ်နေတာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ အိပ်နေလိုက်ကြတဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Source : Khine Hnin Wai's Facebook Acc