ပိုးလေးရဲ့ မွေးနေ့လေးကို တောထဲမှာ မရှိရှိတာလေးနဲ့ Surprise လေးလုပ်ပေးခဲ့တဲ့ ဟားငါးကောင်အဖွဲ့သားတွေရဲ့ ကြည်နူးစရာ ရုပ်သံ

//s9.kh1.co/00/00206de58ce994a17c8cddfbfa315acb30d922fb.jpg
အနုပညာရှင်များ

 ၂၀-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ဟားငါးကောင် အဖွဲ့သားတွေကတော့ အနုပညာနယ်မှာ နေရာတစ်ခုကို အခိုင်အမာရရှိခဲ့ပြီး စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့အဖွဲ့လေးဟာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တောထဲမှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ စိတ်အားထက်သန်စွာ ပါဝင်နေကြတဲ့ ပြည်သူ့အချစ်တော်တွေ ဖြစ်လာခဲ့ပါပြီ။

Photo Credit - ဟားငါးကောင်
Photo Credit - ဟားငါးကောင်
Photo Credit - ဟားငါးကောင်
Photo Credit - ဟားငါးကောင်

ဟားငါးကောင်အဖွဲ့သားတွေဟာ လွတ်မြောက်နယ်မြေထဲရောက်ရှိနေတဲ့ အချိန်လေးမှာလည်း ပြည်သူတွေရဲ့ဘဝအမောတွေပြေစေဖို့အတွက် ဟာသပြက်လုံးတွေနဲ့ ကြိုးစားဖျော်ဖြေပေးနေတာ ဖြစ်ပါတယ်။ တစ်ခါတလေ တောထဲတောင်ထဲမှာ အနေအထိုင်၊ အစားအသောက်တွေ ဆင်းရဲစွာနေထိုင်ရပေမယ့် သူတို့အဖွဲ့သားတွေ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ အချိန်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲဖော်ပြပေးပါတယ်။

Photo Credit - ဟားငါးကောင်
Photo Credit - ဟားငါးကောင်
Photo Credit - ဟားငါးကောင်
Photo Credit - ဟားငါးကောင်

ဒီကနေ့မှာတော့ ဟားငါးကောင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပိုးလေးရဲ့ ပျော်ရွှင်စရာမွေးနေ့ရက်မြတ်လေး ကျရောက်ခဲ့ပါတယ်။ ကြည်နူးစရာလေးကတော့ တောထဲမှာ မရှိရှိတာလေးနဲ့ အဖွဲ့သားတွေက မွေးနေ့ Surprise လေးကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပိုးလေးရဲ့ မွေးနေ့ Surprise လုပ်ပေးတဲ့ ဗီဒီယိုလေးကတော့ ကြည့်မိသူတိုင်း အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။ ပရိသတ်တွေကလည်း ယနေ့ကျရောက်တဲ့ ပိုးလေးရဲ့ မွေးနေ့လေးအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

သတင်း အရင်းအမြစ်Source - ဟားငါးကောင်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T