ဧရာမကြယ်ရဲ့ နောက်ဆုံးအချိန်ကို ပထမဆုံးအကြိမ် နက္ခတ္တဗေဒပညာရှင်များ ဖမ်းယူနိုင်ခဲ့

//s9.kh1.co/57/5756adcd1012a2b7b8d1fe8d8a9c2488cfa6b445.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

နက္ခတ္တဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့ဟာ ဧရာမကြယ်ကြီးရဲ့ နောက်ဆုံး ပြောင်းလဲချိန်ကိုပထမဆုံးအကြိမ်အဖြစ် ဖမ်းယူနိုင်ခဲ့ပါတယ်။ ယခင်က ပညာရှင်များက အနီရောင် supergiants များဟာ ဆူပါနိုဗာများ မဖြစ်လာမီ အချိန်အတန်ကြာ တိတ်တဆိတ် ငြိမ်သက်စွာ သေဆုံးခဲ့တယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ ကြယ်ကြီးအဖြစ်ကနေ မပြောင်းလဲချိန် တစ်နှစ်အလိုမှာ တွေ့ရှိရပြီး အနီရောင် supergiant ထံမှ တောက်ပတဲ့ ရောင်ခြည်များကို တွေ့ရှိမှာလို့ ဆိုပါတယ်။

Photo Credit - USA TODAY
Photo Credit - USA TODAY

ဒါဖြစ်ရပ်ဟာ နှစ်သန်းပေါင်း ၁၂၀ ကျော်လောက်မှာ တစ်ကြိမ်တစ်ခါသာ တွေ့မြင်ရနိုင်တာ ဖြစ်ပါတယ်။ ဒီကြယ်ကို ၂၀၂၀ ခုနှစ် နွေရာသီမှာ Northwestern University နှင့် University of California၊ Berkeley မှ သုတေသီအဖွဲ့တစ်ဖွဲ့က ဟာဝိုင်အီတက္ကသိုလ်ရဲ့ Pan-STARRS တယ်လီစကုပ်ကို အသုံးပြုပြီး Maui ရှိ Haleakalā မီးတောင်အပေါ်ဆုံးကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။လအနည်းငယ်ကြာပြီးနောက် အလိုအလျောက်ကြည့်မှန်ပြောင်းကနေ ကြယ်ရဲ့ ပြောင်းလဲမှုကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

Photo Credit - USA TODAY
Photo Credit - USA TODAY

ဒီလိုတွေ့ရှိမှုရဲ့ အချက်အလက်များကို ဇန်နဝါရီ (၆)ရက်က Astrophysical Journal မှာ ထုတ်ဝေခဲ့ပါတယ်။ စူပါနိုဗာများဟာ လူသားများမြင်ဖူးသမျှ အကြီးမားဆုံး ပေါက်ကွဲမှုဖြစ်ပြီး ပုံမှန်အားဖြင့် နေထက် ၈ ဆမှ ၁၂ ဆ ပိုကြီးတဲ့ ဧရာမကြယ်များဖြင့် ဖြစ်ပွားလေ့ရှိကြောင်း NASA ရဲ့ အဆိုအရ သိရပါတယ်။ စူပါနိုဗာတွေဟာ တကယ်ကို အထင်ကြီးလောက်စရာ ကြယ်တစ်ပွင့်ကနေ ထွက်လာတဲ့အတွက် သူတို့အစပြုခဲ့တဲ့ ဂလက်ဆီတစ်ခုလုံးကို တောက်ပလောက်အောင် ပေါက်ကွဲပြီး အလင်းနဲ့ ဖိုတွန်တွေကို ထုတ်ပေးတာ ဖြစ်ပါတယ်။ ကြယ်ဘဝကနေ အနီရောင် စူပါနိုဗာသို့ နောက်ဆုံးပြောင်းလဲချိန် ကြီးမားတဲ့ ပေါက်ကွဲမှုဟာ တစ်မိနစ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Photo Credit - USA TODAY
Photo Credit - USA TODAY

သတင်း အရင်းအမြစ်Source - USA TODAY

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T