ကိုရီးယားမလေးတွေရဲ့ ကပိုကရိုနဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်

//s9.kh1.co/25/25aa3f5e166183b176d5dc5fcd8005478a5319ab.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၅-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

ဖက်ရှင်အကြောင်း ပြောတော့မယ်ဆိုရင် ကိုရီးယားစတိုင်ဆိုတာ ဒီဘက်ခေတ်မှာ ထည့်မပြောလို့ကို မဖြစ်တော့ပါဘူး။ ဇာတ်လမ်းတွဲတွေ၊ သီချင်းတွေမှာပဲ ကြည့်ကြည့်၊ အွန်လိုင်းက ဓာတ်ပုံလေးတွေပဲ ကြည့်ကြည့် ကိုရီးယားမလေးတွေရဲ့ ဝတ်ပုံစားပုံက မြင်လိုက်တာနဲ့ သိသာပြီး ချစ်စရာကောင်းနေပါတယ်။ ခန္ဓာကိုယ်အချိုးအစားချင်း သိပ်မကွာတဲ့ မြန်မာမလေးတွေအတွက် နောက်တစ်ခါ စတိုင်တစ်မျိုးလေး ထုတ်ဝတ်ကြည့်လို့ရအောင် ကိုရီးယားမလေးတွေရဲ့ ထူးခြားတဲ့ ဖက်ရှင် ၁၀ မျိုးအကြောင်း ပြောပြပါမယ်နော်။

https://s9.kh1.co/__image/w=564,h=846,q=100/4b/4b85691a50dce5e285bd4ef55104a284d6559e85.jpg

1. ဂျင်းဘောင်းဘီ အပြဲဒီဇိုင်း

ဒီ ဖက်ရှင်မှာ အသက်က ဂျင်းဘောင်းဘီ ဖြစ်တဲ့အတွက် ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျီတစ်ထည်လောက်နဲ့တင် အထာကျသွားမယ့် စတိုင် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=752,q=100/65/6560b2f4cfc6787a5674b5bca29fa05324d02e17.jpg

2. နှစ်ထပ် ဂါဝန်

ကိုရီးယားမလေးတွေက သူတို့ရဲ့ ပုခုံးသားနဲ့ အပေါ်ပိုင်းကို လုံလုံခြုံခြုံ ဝတ်ဆင်ရတာ ကြိုက်ကြပါတယ်။ အေးတာလည်း တစ်ကြောင်း၊ ယဥ်ကျေးမှုအရလည်း တစ်ကြောင်းပါ။ ဒါကြောင့် ကြိုးတစ်လုံး ဂါဝန်လေးတွေကို အောက်က အင်္ကျီတစ်ထည်ခံပြီး ဝတ်ကြရာက တစ်မျိုး ချစ်စရာကောင်းတဲ့ ဖက်ရှင် ဖြစ်သွားတာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/2b/2b5e7a7264a9009f87ffc009221c0642cb78c162.jpg

3. အရောင်ဖျော့လေးများ

https://s9.kh1.co/__image/w=540,h=540,q=100/f4/f4dae3d9738fd4cb11f75ba7aa105baf5e25c4af.jpg

ကိုရီးယားမလေးတွေ အများစုဟာ Pastel အရောင် ဖျော့လေးများကို ဝတ်ကြတာ တွေ့ရပါတယ်။ အရောင် နုနုလေးတွေဟာ လူကို ချစ်စရာကောင်းစေတယ်၊ နုသွားစေတယ်၊ ပြီးတော့ မြင်ရတဲ့လူလည်း မျက်စိအေးတယ်လေ။ အထူးသဖြင့် နွေဦးရာသီမျိုးမှာ Pastel ဖက်ရှင်လေးတွေက ပိုခေတ်စားပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=650,q=100/81/81090f6a1b983385a9f69b391726affc29b016a8.jpg

4. ကောလိပ်ကျောင်းသူဖက်ရှင်

သူတို့ဆီက ကောလိပ်ကျောင်းသူတွေက A-line စကတ်လေးတွေ ဝတ်ရတာ နှစ်သက်ပါတယ်တဲ့။ မိန်းကလေးဆန်ဆန် အိန္ဒြေလည်းရ၊ အပေါ်က ရိုးရိုးရှင်းရှင်း အင်္ကျီလေးနဲ့တင် စတိုင်လည်းကျတယ်ဆိုတော့ အရမ်း အဆင်ပြေသောပေါ့။

https://s9.kh1.co/__image/w=650,h=975,q=100/22/22ae1f558104a106c702ac3149ebfc7991f5bea0.jpg
https://s9.kh1.co/__image/w=650,h=1165,q=100/93/931e358bd556686e3e05ad9d681d38c3b365f7d9.jpg

5. ဦးထုပ်အမျိုးမျိုး

ဦးထုပ် ဒါမှမဟုတ် ဆံပင်မှာ accessory လေး တစ်ခု တပ်လိုက်ရုံနဲ့တင် ပုံစံ လုံးဝ ပြောင်းသွားတတ်ပါတယ်တဲ့နော်။ ဒါကြောင့်လည်း ကိုရီးယားတွေက လုံးဝ street ဖက်ရှင်ကနေ ဒီဇိုင်နာ ဘရန်းတွေအထိ ဦးထုပ်ကို ဦးစားပေး ဝတ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/4e/4e49f3f496cdb8c62bb9511ce67e3ca137ff9c1c.jpg
https://s9.kh1.co/__image/w=650,h=867,q=100/36/3650847d2810b8f11d816da070388e82cc6e32ef.jpg

6. Oversized pullovers

ကိုရီးယားဖက်ရှင်ရဲ့ လုံဝ မိုက်တဲ့ တစ်ချက်က ကြပ်လွန်းတာတွေ မဝတ်ဘဲ သက်သောင့်သက်သာ ပွပွလေးတွေ ဝတ်ကြတာပါ။ ပွပွချောင်ချောင် ရှပ်အင်္ကျီလေးတွေ၊ အနွေးထည်လေးတွေနဲ့ pullover တွေ တော်တော်ဝတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/15/15cfa81d063f0ae8a8a5b81a084f0819d5ceca4f.webp
https://s9.kh1.co/__image/w=650,h=904,q=100/a1/a1b3574b2c88d236db74e70ec5e7bec5b50de91e.jpg

7. မိန်းကလေးဆန်ဆန် အင်္ကျီအလွင့်လေးများ

Hometown Cha Cha Cha ထဲမှာ တို့မမ ရှင်မင်းအာ ဝတ်ချသွားတဲ့ အနှစ်တွေပေါ့။ သူ့ကြောင့် ကော်လာဒီဇိုင်းလှလှလေးတွေ ပြန်ခေတ်စားလာတယ်နော်။ တကယ်တော့ အတွန့်အဖတ်လေးတွေ ပါတဲ့ အင်္ကျီတွေနဲ့ ဇာတွေက ကမ္ဘာမှာ သိပ်မဝတ်တော့ပေမဲ့ ကိုရီးယားမလေးတွေက ဝတ်နေဆဲပါ။ မိန်းကလေးဆန်ပြီး သိမ်မွေ့တဲ့အလှကိုပေးတယ်။ ဘောင်းဘီ၊ စကတ် ကြိုက်တာနဲ့ တွဲဝတ်လို့ ရတာမို့ပါတဲ့။

https://s9.kh1.co/__image/w=650,h=350,q=100/6a/6aa3ae9be85948161d54dc0f6d40a6d7ad5486f5.jpg
https://s9.kh1.co/__image/w=650,h=635,q=100/49/493ceece5c7e9bbf9ed5628ab1843e2470a1b144.jpg

8. Sports wear

ဒါကတော့ ဘယ်တော့မှ မရိုးသွားမဲ့ ဒီဇိုင်းပါ။ အထူးသဖြင့် လူငယ်ဆန်တယ်။ ထသွားထလာဝတ်လို့ကောင်းတယ်။ ဆယ်လီတွေ ခရီးသွားတဲ့အခါ၊ လေဆိပ်ကို ဝတ်လာတတ်တဲ့ ဖက်ရှင်မျိုးပါ။ Sweatpant တွေ ဟူဒီတွေ ဝတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/15/159a65a1feea05ab857f657c3380b9f6aec2aa34.jpg
https://s9.kh1.co/__image/w=650,h=860,q=100/f9/f9663fc0e623c08557e91bb94caf8be8227030aa.jpg

9. Sneakers

Sneakers ဖိနပ်လေးတွေကို ကျား မ မရွေး ဝတ်ဆင်နိုင်ပြီး ပေါ့ပါးလွတ်လပ်ပြီး လူငယ်ဆန်တယ်။

https://s9.kh1.co/__image/w=650,h=650,q=100/b8/b8940ed6c68d1a3e1ca85bef91cbead6760d3cbe.main-qimg-39409f2d8fd0e68a1fbbd18729f34d2b

မိန်းကလေးဆန်ဆန်ပဲဝတ်ဝတ်၊ ဂျင်းနဲ့ပဲ ဝတ်ဝတ် အထာကျနေပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/54/5453d1a30ca87869ad68b087c6361c674406f235.jpg

10. ဘလေဇာကုတ်လေးများ

ဘလေဇာ ပြောင်လေးတွေပဲဖြစ်ဖြစ်၊ အကွက်ကလေးတွေပဲဖြစ်ဖြစ် ဘယ်တော့မှ မရိုးသောပါပဲ။ အေးတဲ့အချိန်ဆို နွေးလည်းနွေးတယ်၊ မိတယ်မိုက်တယ်ပေါ့။ လုပ်ငန်းခွင်ပဲသွားသွား၊ သူငယ်ချင်းတွေနဲ့ပဲ ဒိတ်ဒိတ် စတိုင်ကျ လှပနေမှာပါ။

https://s9.kh1.co/__image/w=650,h=867,q=100/b9/b9e48ac47fd9ba49118ddcde8c109b1b44394215.jpg
https://s9.kh1.co/__image/w=650,h=965,q=100/de/dec1a237486cfbca66dc4d35a4f955789096f9d3.jpg
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T