2022 မှာ ခေတ်စားလာမယ့် ဆံပင်အရောင် ၅ မျိုး

//s9.kh1.co/08/08ece82f9eedb30994adddc44b86d64250bfa35d.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၄-ဒီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၄ နှစ် က

.

၂၀၂၂ မှာ စိတ်သစ်၊ လူသစ်နဲ့ စတိုင်အသစ် ဖြစ်ချင်ရင် ပြောင်းလဲသင့်တဲ့ထဲ ဆံပင်ပုံစံလည်း ပါပါတယ်။ ဆံပင်အတိုအရှည်၊ စတိုင်နဲ့ အရောင် နည်းနည်းကွာသွားရုံနဲ့ လူတစ်ယောက်လုံးရဲ့ ရုပ်ရည်သွင်ပြင်ပါ ပြောင်းလဲသွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/37/37a1561cecd53dc37d56d958584e106a3684c6d0.jpg

အခုဖော်ပြပေးမှာကတော့ SHAPE မဂ္ဂဇင်းက နာမည်ကြီး hair stylist တွေနဲ့ တွေ့ဆုံပြီး ၂၀၂၂ မှာ ခေတ်စားမယ်လို့ ခန့်မှန်းထားတဲ့ ဆံပင်အရောင် ၅ မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/9a/9a5d3d93a239def205ef1c694dd9a639203439f5.jpg

1. Platinum Blonde

ဆံပင်က ငွေရောင်သန်းနေတာမျိုးပါ။ အထူးသဖြင့် ဆွဲဆောင်မှုရှိတဲ့ ညှို့အားပြင်းလူတစ်ယောက် အသွင်ရစေပါတယ်။ မကြာသေးခင်ကမှ Megan Fox တစ်ယောက်က ဒီအရောင်နဲ့ ပရိသတ်တွေကို မှင်သက်စေခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=809,q=100/b1/b1e4c950409bfa27d8f272426b61f91a6047cfbd.jpg
https://s9.kh1.co/__image/w=650,h=867,q=100/6c/6ce1ed58af497a2199a6505f03536740fdfa5191.jpg

2. Bronde

ဒါကတော့ ရွှေရောင်နဲ့ အညိုရောင် ပေါင်းထားတဲ့ ရွှေရောင် ပြေပြေလေး ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်က အသားညိုလို့ blonde နဲ့ မလိုက်ဘူးထင်ရင် Bronde သာ ဆိုးချကြည့်လိုက်ပါ။ သူ့စတိုင်ကတော့ အောက်အဖျားလေးတွေကို ပိုနုတဲ့ရွှေရောင်လေး ဆိုးပါတယ်။

https://s9.kh1.co/__image/w=442,h=597,q=100/2f/2f4a4b419a888d559e3ac88907a009bc5e0802e2.jpg

3. Ginger red

လူကြားထဲ ထင်းနေချင်ရင်တော့ အနီရောင်က ဆိုးကြည့်သင့်တဲ့ထဲ ပါပါတယ်။ အနီတောက်တောက်ကြီး မဟုတ်ဘဲ ကြေးနီရောင်လေးမို့ ​ကြောင်မှာ မပူနဲ့နော်။

https://s9.kh1.co/__image/w=650,h=977,q=100/c2/c2f5e97e9bfef08c608e54da95f083d16277d4ff.jpg

4. High Contrast Color

ဒါကတော့ ဘာမှမဆိုင်တဲ့ နှစ်ရောင်ကို ပေါင်းဆိုးတာပါ။ Cruella ထဲက Emma Stone လိုပေါ့။ ဆန့်ကျင်ဘက် နှစ်ခုပေါင်းပြီး ထူးခြားသွားတဲ့ စတိုင်လေးပါ။ ၂၀၂၁ မှာ trend သွားပြီး ၂၀၂၂ မှာပါ ဆက်ခေတ်စားလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

https://s9.kh1.co/__image/w=560,h=560,q=100/a5/a52a870d11986a6be6e838fd9d13673390b8309e.jpg
https://s9.kh1.co/__image/w=567,h=880,q=100/75/75fd80fb2559c2ef0c32d54705507a3877a41bef.jpg

5. ဘယ်တော့မှ မရိုးတဲ့ Highlights

ဆံပင်ကို highlight ဖောက်တာကတော့ ဘယ်တော့မှ မရိုးတဲ့ စတိုင်ပါပဲ။ နောက်နှစ်အတွက်ကတော့ warm ဖြစ်တဲ့ ရွှေအိုရောင်လေးတွေ ပြန်ခေတ်စားလိမ့်မယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=500,h=575,q=100/df/dff317a1ebbbf8ce6624308207e7a8d116ea2945.jpg
https://s9.kh1.co/__image/w=600,h=675,q=100/15/156e5d041642c4e49b0113ec9991944b620aade6.jpg
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T