(အကယ်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှာ သော်လည်းကောင်း စိတ်ကျန်းမာရေး ထိခိုက်နေသူ ရှိပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် Hotline များထံမှ အကူအညီ ရယူပါ။)
ဆွစ်ဇာလန်နိုင်ငံက တီထွင်ဖန်တီးလိုက်တဲ့ နောက်ဆုံးပေါ် Sarco ဆိုတဲ့ စက်တစ်မျိုးအကြောင်း ဖော်ပြချင်ပါတယ်။ သူက အခေါင်းပုံသဏ္ဍာန် ရှိပြီး စက်ထဲ ဝင်ထိုင်လိုက်ရုံနဲ့ သက်သောင့်သက်သာ အသက်ထွက်မှာ ဖြစ်ကြောင်း သိရပါတယ်။
Dutch ဒီဇိုင်နာတွေ ဖန်တီးထားတဲ့ ဒီနည်းပညာဟာ 3D printing နည်းပညာကို အသုံးပြုမှာ ဖြစ်ပါတယ်။ လူက စက်ထဲ ဝင်ထိုင်လိုက်တာနဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေ အများကြီး လွှတ်ပေးပြီး အောက်ဆီဂျင်ကို အများကြီး လျှော့ချလိုက်ပါတယ်။ အဲဒီလိုနဲ့ လူက နာကျင်မှု မရှိဘဲ ဖြည်းဖြည်းသက်သာ အသက်ထွက်တာပါ။ တချို့ဆို Swiss Funeral Expo လို့ခေါ်တဲ့ အသုဘဆိုင်ရာ ပြပွဲမှာ ဒီ Sarco စက်ရဲ့ အလုပ်လုပ်ပုံကို အစမ်း ခံစားကြည့်ပြီးပါပြီ။
နိုင်ငံတော်တော်များများမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာရော၊ သူတစ်ပါးသတ်သေတာကို ကူညီပေးတာကိုရော ဥပဒေအရ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ နဲ့ ကနေဒါတို့လည်း ပါဝင်ပါတယ်။ သူ့မှာလည်း စည်းကမ်းသတ်မှတ်ချက်တွေကတော့ ရှိပါသေးတယ်။ အနည်းဆုံး အသက် ၁၂ နှစ်ပြည့်မှ လုပ်ခွင့်ရှိပြီး ကုသလို့မရတဲ့ နောက်ဆုံးအဆင့် ရောဂါခံစားနေရသူတွေကိုသာ ခွင့်ပြုပေးတာပါ။
အရင်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ဆိုရင် ဆရာဝန်ကို အကူအညီတောင်းရင်တောင်း၊ မဟုတ်ဘဲ ကိုယ့်ဘာသာ လုပ်လည်း ဝေဒနာ အပြင်းအထန် ခံစားရသေးတယ်။ အခုဆို Sarco ကြောင့် ဘယ်သူ့အကူအညီမှ မလိုဘဲ တစ်ယောက်တည်း အသာလေး သေနိုင်ပြီပေါ့။
(မိမိပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အကြောင်း ရှိနေသူ တစ်ဦးတစ်ယာက် ရှိခဲ့ရင် နီးစပ်ရာ ကျန်းမာရေး အဖွဲ့အစည်း၊ သို့မဟုတ် Hotline များထံ ဆက်သွယ် အကူအညီရယူပါ။)