တစ်ရွာလုံးက အမျိုးသမီးတွေရဲ့ အ၀တ်အစားများကို ၆လကြာ လျှော်ဖွတ်မီးပူတိုက်ဖို့ အမိန့်ချခံလိုက်ရတဲ့ အိန္ဒိယအမျိုးသား

//s9.kh1.co/fb/fb8aed064d4b04a2b9e6a46291118df2c4b356a6.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြင့် စွပ်စွဲခံထားရတဲ့ အိန္ဒိယအမျိုးသားတစ်ဦးဟာ ကျေးရွာရှိ အမျိုးသမီးအားလုံးရဲ့ အဝတ်အစားများကို ခြောက်လကြာ လျှော်ဖွပ်ပြီး မီးပူတိုက်ဖို့ အမိန့်ပေးခံခဲ့ရပါတယ်။ Lalan Kumar ဟာ အသက် 20 နှစ်အရွယ်ရှိပြီး ဆပ်ပြာနှင့်အခြားပစ္စည်းများကို အခမဲ့အ၀တ်လျှော်ဝန်ဆောင်မှုပေးရန်အတွက် လိုအပ်သောပစ္စည်းများကို ၀ယ်ယူရမှာပါ။ အဲ့နောက်ဘီဟာပြည်နယ်ရှိ Majhor ရွာမှ အမျိုးသမီး 2,000 ခန့်အား ခြောက်လကြာ အခမဲ့အ၀တ်လျှော်ပေးရမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=451,h=254,q=100/ff/ff26e65bb5d920590520c896d5c5548d4cb5e5f6.jpg

Kumar ဟာ အသက်မွေးဝမ်းကြောင်းအတွက် အဝတ်လျှော်ပေးသူဖြစ်ပြီး သူ့ကုိ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုအပါအ၀င် တခြားအမှုများနဲ့ပါ ရဲအရာရှိ Santosh Kumar Singh ကဖမ်းစီးခဲ့တာဖြစ်ပါတယ်။ သူရဲ့တရားခွင်အတွက် ရက်အတိအကျ မသတ်မှတ်ထားရသေးပါဘူး။ “ကျေးရွာမှာရှိတဲ့ အမျိုးသမီးအားလုံး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်ပါတယ်” လို့ ကျေးရွာကောင်စီ အကြီးအကဲ နာစီမာခါတွန်က ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=416,q=100/0c/0c7a0b1e8e783de67f5b82949d500402f850222d.jpg

“ဒါဟာ သမိုင်းဝင်ပါပဲ။ အမျိုးသမီးတွေကို လေးစားမှု တိုးလာစေပြီး ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အထောက်အကူ ဖြစ်စေမှာပါ” လို့ ကူးမားကို စောင့်ကြည့်မည့် ရွာမှ ဂုဏ်သရေရှိသူတစ်ဦးဖြစ်တဲ့ Khatoon က ပြောကြားခဲ့ပါတယ်။ အဆိုပါအမိန့်ဟာ အမျိုးသမီးများအပေါ် ရာဇဝတ်မှုများပြုလုပ်ခြင်းဖြင့် ရပ်ရွာအတွင်း ဆွေးနွေးသည့် အကြောင်းအရာတစ်ခုအဖြစ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်လို့ ရွာမှအမျိုးသမီးများက ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/88/8848973d463b777cab344720d65a6e7464f7c469.jpg

“ဒါဟာ လူ့အဖွဲ့အစည်းကို သတင်းစကား ပေးပို့တဲ့ ထူးခြားတဲ့ ခြေလှမ်းနဲ့ မတူညီတဲ့ ပြစ်ဒဏ်တစ်မျိုးပါပဲ” လို့ Anjum Perween က ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် 2012 ခုနှစ် အုပ်စုဖွဲ့ မုဒိမ်းမှုအပြီးတွင် မုဒိမ်းမှုဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့‌ေပမယ့်လည်း ကျူးလွန်မှုအရေအတွက်မှာ မြင့်မားနေဆဲဖြစ်ပြီး 2020 ခုနှစ်တွင် မုဒိမ်းမှု 28,000 ကျော်ရှိကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်မှု ရာဇ၀တ်မှုများကို တားဆီးရန် လုံလောက်တဲ့ လုပ်ဆောင်မှု မရှိကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို တရားရုံးသို့ တင်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကာလရှည်ကြာ စွပ်စွဲခံထားရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/93/93437c69d575157d030ce379416a2c4b125a427c.jpg

သတင်း အရင်းအမြစ်Guardian Nigeria

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T