ဂေဟာက ဝန်ထမ်းတွေကို မိသားစုဝင်တွေလို သဘောထားပြီး ကျိုက်ထီးရိုးကို ဘုရားဖူးလိုက်ပို့ပေးနေတဲ့ ကလေးတို့မေမေ

//s9.kh1.co/d2/d2c09f689f69857cb97adb2cc7ebbce344717229.jpg
အနုပညာရှင်များ

 ၀၃-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ကလေးတို့မေမေလို့ လူသိများတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ ဘဝကိုတန်ဖိုးရှိရှိလျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ပြည်သူ့ပရိသတ်တွေရဲ့ လေးစားအားကျရတဲ့ သူတစ်ဦးဖြစ်တာနဲ့အညီ ကိုယ့်အကျိုးထက် ပရဟိတ လုပ်ငန်းတွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ခိုကိုးရာမဲ့နေတဲ့ ကလေးသူငယ်တွေကို စောင့်ရှောက်ပေးပြီး နွေးထွေးတဲ့ဂေဟာ အဆောက်အဦးသစ်ကိုလည်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai

ဒါ့အပြင် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက်လည်း (၇)ရက်သားသမီးများရဲ့ စုပေါင်းကုသိုလ်များဖြင့် တစ်ထောင့်တစ်နေရာကနေတတ်နိုင်လောက် ကူညီလှူဒါန်းမှုတွေလည်း မကြာခဏ ပြုလုပ်ပေးတာတွေ့ရပါတယ်။

ယခုမှာလည်း ခိုင်နှင်းဝေက ပရိသတ်တွေ ကြည်နူးစေမယ့် ပုံရိပ်လေးတွေကို ဖော်ပြလာခဲ့ပြန်ပါတယ်။

Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai

ဒါကတော့ သူမရဲ့ ကလေးဂေဟာမှာ စေတနာအပြည့်နဲ့ လုပ်ကိုင်ပေးနေတဲ့ ဝန်ထမ်းတွေကို ကျိုက်ထီးရိုးဘုရားအား ဖူးမြော်ရအောင် လိုက်ပို့ပေးခဲ့တာပါ။ ဝန်ထမ်းတွေအပေါ်မှာ စေတနာ၊မေတ္တာတွေနဲ့ မိသားစုဝင်တွေလို သဘောထားတဲ့ ခိုင်နှင်းဝေကိုတော့ ပရိသတ်တွေကလည်း ချီးကျူးဂုဏ်ပြုထားကြတာ ဖြစ်ပါတယ်။ ကျိုက်ထီးရိုးဘုရား ဝန်ထမ်းတွေနဲ့အတူ သွားရောက်ဖူးမြော်နေတဲ့ ခိုင်နှင်းဝေကို ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
Photo Credit - Khine Hnin Wai
https://s9.kh1.co/__image/w=600,h=433,q=100/be/be733fe0481b41008c274ea704eaaeb61ba21b75.jpg

သတင်း အရင်းအမြစ်Source - Khine Hnin Wai

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T