ဖယောင်းရုပ်ထုတွေကို ဘယ်လိုဖန်တီးကြလဲ

//s9.kh1.co/13/132f0122e19536b65a1ca93f1db7843726faa665.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အနုပညာရှင်တွေကို နှစ်သက်သူ သူတို့ရဲ့သတင်းတွေ ဆုပေးပွဲတွေကို အဆက်မပြတ် ကြည့်ကြသူတွေဆိုရင် ဖယောင်းရုပ်ထုတွေနဲ့ ရင်းနှီးကြမှာပါ သူတို့ရဲ့ ဆုပေးပွဲတွေမှာဖြစ်စေ ရုပ်ရှင်ပွဲတော်တွေမှာဖြစ်စေ ကိုယ်ပိုင်ဖယောင်းရုပ်ထုတွေနဲ့ မြင်ဖူးကြမှာပါ ဒါပေမဲ့ ဖယောင်းရုပ်ထုတစ်ခုဖြစ်လာဖို့ ဘယ်လောက်ကြာတယ် ဘယ်လောက် လက်ဝင်ရတယ်ဆိုတာ သိပါသလား အပြင်လူရဲ့ ရုပ်ရည် အရပ် အကုန်လုံး တစ်ပုံစံထဲ ထုဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး ဖယောင်းရုပ်ထုကောင်းတစ်ခုဟာ လူအစစ်ရဲ့ယှဥ်ရပ်လိုက်ရင် ဘယ်ဟာအရုပ်လဲ ဘယ်ဟာလူလဲ ခွဲခြားရခက်စေမှာတောင်ဖြစ်သလို ပြုလုပ်ရာမှာလည်း အရမ်းရှုပ်ထွေးတဲ့ အဆင့်တွေ အများကြီး ရှိပါတယ် 

ပထမဆုံးအနေနဲ့ အနုပညာရှင်က ဖယောင်းရုပ်ထုပြတိုက်ကို သွားရပါတယ် ပုံတွေအများကြီးရိုက် ကိုယ်တိုင်းတွေ အများကြီးယူပြီး အသားအရည်နဲ့ ဆံပင်အရောင်တွေလည်း တိုက်စစ်ရပါတယ် မျက်နှာနဲ့ ကိုယ်လုံးကို အတိုင်းအတာတွေ ယူယုံသာမက လက်ဗွေရာ ပုံကြမ်းတွေပါ ယူရပါတယ်

photo credit
photo credit

ပြီးရင် အခြေခံကိုယ်ထည်တစ်ခုကို သံဖရိန်နဲ့ တည်ဆောက်ရပြီး နောက်တစ်ဆင့်ကတော့ ကိုယ်ထည်ကို ရွံ့တွေနဲ့ မံပစ်ရတာပါ တစ်ယောက်က ခန္ဓာကိုယ်အပိုင်းကို လုပ်ရပြီး နောက်တစ်ယောက်က ခေါင်းကို လုပ်ရပါတယ် ရွံ့တွေကို ဖြည်းဖြည်းချင်းထည့်ပြီး လူရဲ့ ပုံစံတွေ ပေါ်လာအောင် တဖြည်းဖြည်း ပုံဖော်ရပါတယ် ဒီအဆင့်တစ်ခုတည်းတင် 5 ပတ်လောက်ကြာနိုင်ပါတယ်

photo credit
photo credit

ပြီးရင် ပလတ်စတာ ခေါင်းစလုပ်ရပါပြီ ရုပ်လုံးပေါ်နေတဲ့ ရွံ့ရုပ်ပေါ်မှာ ကော်နဲ့ ပြန်ပုံဖော်ရတာပါ ပလတ်စတာ ခြောက်သွားရင် ခွာပစ်ပြီးနောက် အဲ့ဒီမျက်နှာပုံစံထဲမှာ ဖယောင်းရည်တွေထည့်လို့ရပါပြီ မျက်လုံးပိုင်းကိုဆိုရင် သစ်စေးကော်တွေ ချည်တွေနဲ့ လုပ်ပြီး အရောင်ကို လက်နဲ့ခြယ်ပါတယ် မျက်လုံးထဲက သွေးကြောတွေကို အသေးစိတ် မြင်ရဖို့ ပိုးချည်တွေကိုတောင် သုံးတတ်ကြပါတယ် သွားတွေကလည်း ဒီနည်းအတိုင်း အတူတူပါပဲ သွားရဲ့ အရွယ်အစား ပုံစံ သွားတွေကြားထဲက နေရာလွတ်ကအစ အကုန်အသေးစိတ် လုပ်ကြပါတယ်

photo credit
photo credit

ဆံပင်နဲ့ မျက်ခုံးမွှေးကိုတော့ တခါတည်း ဆင်ပါတယ် လူရဲ့ အစသားအရည်နဲ့ ကွက်တိကျစေဖို့အတွက် ဖယောင်းကို ဂရုတစိုက် ဆေးခြယ်ရပါတယ် မိတ်ကပ်နဲ့ တက်တူးတွေကိုလည်း ပန်းချီဆွဲသလို ဆွဲတာပါ နောက်ဆုံးမှာတော့ အဝတ်တွေနဲ့ ဖိနပ်တွေကို ချုပ်ရပါပြီ ဖယောင်းရုပ်တစ်ခုဟာ အစအဆုံးပြုလုပ်ချိန် 6 လအထိ ကြာနိုင်ပြီး ကုန်ကျစရိတ်ဟာလည်း ဒေါ်လာ ၃ သိန်းလောက် အနည်းဆုံး ကုန်ကျနိုင်ပါတယ် ဒါပေမဲ့ ရလဒ်တွေကလည်း 6 လစောင့်ရတာ ပိုက်ဆံကုန်ရတာနဲ့ တန်ပါတယ် 

photo credit
photo credit

ဖယောင်းရုပ်ထုလုပ်ရာမှာ အဓိကစိန်ခေါ်မူကတော့ အရာအားလုံးကို တတ်နိုင်သမျှ အစစ်နဲ့တူအောင် ဖန်တီးရတာပါ အပြင်လူရဲ့  အရွယ်အစားအတိုင်း ဖယောင်းပေါ်မှာ မျက်ခုံးမွှေးလေးကအစ တူအောင်လုပ်ရတာဟာ လွယ်ကူနေတဲ့ ကိစ္စမဟုတ်ပါဘူး ဒါပေမဲ့ ဖယောင်းရုပ်ထုတိုင်းကလည်း အဆင်ပြေချောမွေ့မနေပါဘူး တော်တော်ဆိုးဆိုး အခြေအနေဖြစ်နေတဲ့ ဖယောင်းရုပ်ထုတွေလည်း အများကြီး ရှိဖူးတဲ့ထဲကမှ တချို့ကို ဖော်ပြပေးလိုက်ပါတယ်

photo credit
photo credit
photo credit
photo credit
photo credit
photo credit

မကောင်းတဲ့ Studio ကိုရောက်သွားမယ်ဆိုရင်တော့ ကိုယ့် ဖယောင်းရုပ်ကြီးက ဒီလိုပုံကြီးတွေ ထွက်လာမှာပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T