ကိုဗစ်ပိုးသစ်ရဲ့ စိုးရိမ်စရာ အနေအထား

//s9.kh1.co/b5/b595c5b3990faf08c4df0cd06c43ff30fcef4f8f.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၈-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ယမန်နေ့က တောင်အာဖရိကမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ်ပိုးအသစ် Omicron မျိုးကွဲအကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကြေညာခဲ့ပါတယ်။ ဒီသတင်းကြောင်း ကမ္ဘာမှာရော မြန်မာမှာပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတယ်။ မျိုးကွဲအသစ်ဟာ စိုးရိမ်စရာ အနေအထားမှာ ရှိ​တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=568,q=100/e4/e4899081daa0717694efc6b6747b7cf7619958fb.jpg

Omicron မျိုးကွဲဟာ ဗီဇပြောင်းလဲမှု အရမ်းမြန်ပြီး ကာကွယ်ဆေးမတိုးနိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။ အသေးစိတ်သိဖို့ကတော့  သုတေသနတွေ ထပ်ပြီး လုပ်ရဦးမှာပါ။

ကန်သမ္မတ ဘိုင်ဒင်ဟာ တောင်အာဖရိကမှာ ဖြစ်ပွားနေတဲ့ ဒီမျိုးကွဲကြောင့် ခရီးသွားလာခွင့် ကန့်သတ်ခဲ့ပါတယ်။ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံက ကန့်သတ်ချက် ထုတ်ခဲ့တဲ့အတွက် တောင်အာဖရိကတာဝန်ရှိသူများက မမျှတဘူးလို့ ခံစားခဲ့ရကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=483,h=296,q=100/c6/c6bb0f89d5ca460a539c3ad615b0ce0308968218.jpg

မျိုးကွဲသစ်ဟာ ဘယ်လောက်ထိ လူကို ဒုက္ခပေးနိုင်လဲ မသိရသေးပါဘူး။ ဆရာဝန်တွေ အများစုလက်ခံတဲ့ အချက်အလက်တစ်ခုကတော့ ဗိုင်းရပ်စ်တစ်မျိုးဟာ အရမ်းလွယ်လွယ်ကူးတတ်ရင် ရောဂါအခြေအနေ သိပ်မဆိုးတတ်ပါဘူးတဲ့။

https://s9.kh1.co/__image/w=650,h=348,q=100/e5/e5d45063c4d983f40c7cd85c5b1a1e4024744f5b.jpg

အမေရိကန်ပညာရှင်တွေကတော့ Omicron ကို ကြောက်လန့်တကြားနဲ့ သုတေသနတွေ အသည်းအသန် လုပ်နေပါပြီ။

မြန်မာနိုင်ငံမှာလည်း နောက်လှိုင်းတစ်ခု မလာခင် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်ပါပြီ။

Source - The New York Times

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T