အဆိုတော်ရေမွန်အတွက် Eternal Gosh မှ အမှတ်တရဖန်တီးထားတဲ့တေးသီချင်းကို အမှတ်ရဖွယ် ပြန်လည် သီကျူးခဲ့တဲ့ ပြည်သူနှစ်ဦးရဲ့ ဗီဒီယို

//s9.kh1.co/e2/e274fe6e1a0b63d69e80d828ba435db5a004784d.jpg
အနုပညာရှင်များ

 ၂၇-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

ပြည်သူနှစ်ဦးဟာ ပရိတ်သတ်တွေအရမ်းကိုချစ်ခင်အားပေးခဲ့ရတဲ့ အဆိုတော်ရေမွန်အတွက် Eternal Goshက ဖန်တီးထားခဲ့တဲ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လွန်ခဲ့တဲ့ (၅)လကျော်ခန့်က ကွယ်လွန်သွားခဲ့တဲ့ ပရိတ်သတ်တိုင်းရဲ့ ချစ်ခင်မှုကိုရရှိထားသော ၊ မုန်းတီးတဲ့ ပရိတ်သတ်တစိုးတစိမှမရှိသော အဆိုတော်ရေမွန်ကို အားလုံးကသတိရလွမ်းဆွတ်နေကြတာဖြစ်ပါတယ်။သူ့ရဲ့ ဆုံးရှုံးမှုဟာ တကယ်ကို ကြီးမားလွန်းတဲ့အတွက် တစ်တိုင်းပြည်လုံးဟာ မိမိရဲ့ မိသားစုအရင်းသဖွယ်သဘောထားကာ ဖြေမဆည်နိုင်အောင် ပူဆွေးခဲ့ကြရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ကိုရေမွန်ရဲ့ အရင်းနှီးရဆုံးမိတ်ဆွေများဖြစ်ကြတဲ့ Eternal Gosh နှင့်သူငယ်ချင်းများက ကိုရေမွန်အတွက် အမှတ်တရအနေနဲ့ “ ကြယ်တံခွန် ” ဆိုတဲ့ တေးသီချင်းဖြစ်ကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ထိုသီချင်းတွင် ကိုရေမွန်အတွက် နှင့်ပတ်သက်တဲ့ ခံစားချက်အချို့ကို ထည့်သွင်းသီဆိုထားတာကြောင့် ပရိတ်သတ်တွေ ရင်ထဲထိ နေရာယူထားနိုင်လောက်အောင် အရမ်းကို အားပေးခဲ့ကြတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ထို “ ကြယ်တံခွန် ” တေးသီချင်းကို လက်ရှိမှာ ပြည်သူနှစ်ဦးအနေနဲ့ ခံစားချက်အပြည့်နဲ့ ပြန်လည် သီဆိုထားတဲ့ ဗီဒီယို တစ်ခုဟာ Facebook ပေါ်မှာ ပြန့်နေတာဖြစ်ပါတယ်။ထိုပြည်သူနှစ်ဦးဟာလည်း ဝေးကွာသွားတဲ့ သူငယ်ချင်းတွေကို အမှတ်ရတဲ့အတွက် ခုလိုပြန်လည် ပုံဖော်ခဲ့ကြောင်းဖော်ပြထားပါသေးတယ်။တကယ်ကိုနားထောင်လို့ကောင်းတဲ့ တေးသီချင်းလေးကို ပရိတ်သတ်များပြန်လည်နားထောင်နိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။

Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T