ဖုန်းတွေကိုချက်ချင်းဖျက်စီးပစ်နိုင်တဲ့ ဓာတ်ပုံတစ်ပုံ

//s9.kh1.co/da/da579b7c9cf534307d8890dca30885e07349ee22.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

စမတ်ဖုန်းတွေက ကွန်ပြူတာတွေကိုလက်ထဲထည့်ထားနိုင်လောက်အောင် ချုံ့ထားတာတွေဆိုပေမဲ့ Bit တွေ Bytes တွေနဲ့တွက်လိုက်ရင်တော့ အ‌ရောင်တွေကို လူတွေမြင်သလို မြင်ရကြတာမဟုတ်ပါဘူး ရှေ့ဆက်မဖတ်ခင်မှာ ဒါကိုလုံးဝ စမ်းမလုပ်ကြည့်ကြပါနဲ့လို့ သတိပေးချင်ပါတယ် ဒီပုံကို Wallpaper ထားကြည့်ပြီး ကံမကောင်းရင် ဖုန်းပျက်သွားမှာကြောင့်ပါ

photo credit
photo credit

ခုတွေ့ရတဲ့ပုံက ဘာမှထူးထူးခြားခြားမဟုတ်ပဲ လှပတဲ့ ပုံလေးတစ်ခုလို့ပဲ မြင်ကြမှာပါ ရေကန်ကြီးရဲ့ ဘေးက တောင်တွေကြားထဲမှာ လှလှပပ နေဝင်နေတဲ့ မြင်ကွင်းလေး တစ်ခုပါပဲ Gaurav Agarwal အမည်ရတဲ့ လူတစ်ဦးရိုက်ကူးခဲ့တဲ့ ပုံတစ်ပုံပါ ဒါပေမဲ့ ဒီပုံလေးက တချို့ Android ဖုန်းတွေကို ဖျက်စီးပစ်လို့ရတယ်ဆိုတာ သိပါသလား ဖုန်းတွေကို ကြောင်တာတွေ စက်ကပွင့်လိုက် ပိတ်လိုက်ပဲ ဖြစ်နေစေတာတွေ လုံးဝပြန်ဖွင့်လို့မရတာတွေ ကြုံရမှာပါ ဘယ်အချိန်ဒီလိုဖြစ်မလဲဆို ဒီပုံကို Wallpaper ထားလိုက်တာနဲ့ စဖြစ်မှာပါ ထားလိုက်တာနဲ့ စက်ကကြောင်နေပြီး ပွင့်လိုက် ပြန်ပိတ်လိုက်ပဲဖြစ်နေမှာပါ Reboot လုပ်လိုက်ရင်တောင် ပြန်ပွင့်လာပြီးရင် ဒီလိုပဲ ဆက်ပွင့်နေမှာပါပဲ ဒီအကြောင်းကို စတွေ့ခဲ့တာကတော့ Ice Universe ဆိုတဲ့ နာမည်နဲ့ တွစ်တာသုံးသူတစ်ယောက်ဖြစ်ပါတယ်

photo credit
photo credit

Android ဖုန်းတွေအကုန်လုံးမှာတော့မဖြစ်ပါဘူး ပုံကိုဖွင့်ကြည့်ယုံနဲ့လည်း ဘာမှမဖြစ်ပါဘူး ကြိုက်တဲ့ app ကိုသုံးပြီးဖွင့်ကြည့်လို့ရပါတယ် Samsung,Xiaomi နဲ့ Google ဖုန်းတွေမှာ အဖြစ်များကြပါတယ် Huawei Mate 20 Pro ကိုစမ်းသပ်ကြည့်ရာမှာလည်း ဘာမှမဖြစ်ဘူးလို့ သိရပါတယ် တွစ်တာပေါ်မှာ Ice Universe ကို Reply ပြန်ကြသူတွေကတော့ One Plus တွေကလည်း ဘာမှမဖြစ်ဘူးလို့ ဆိုပါတယ် ‌နောက်မှ Android 10 နဲ့ နောက်အဟောင်းတွေမှာပဲ ဖြစ်တာလို့သိရပါတယ် Ice Universe ရဲ့ပြောချက်အရ Weibo မှာ ပုံကိုနည်းနည်းပြင်ပြီး ပြန်လုပ်ကြည့်တဲ့အခါ error မဖြစ်တော့ဘူးလို့ သိရပါတယ် ပုံကိုပြောင်းလိုက်ရင် ဘာပြဿနာမှ မဖြစ်တော့ပါဘူး ဒါကြောင့်မလို့ ပုံရဲ့ Megadata နဲ့ပတ်သက်တာဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပြီးနောက်တော့ အဲ့ထင်ကြေးက မှန်ကန်ခဲ့ပါတယ် ဘာလို့လဲဆို ပုံထဲမှာပါတဲ့ အရောင်တွေက Android 10 လက်ခံနိုင်တာထပ် များနေတာမလို့ပါ တကယ်တော့ Android 10 မှာပြပေးတဲ့ အရောင်တွေက 1996 ခုနှစ်မှာ HP နဲ့ Miscrosoft တို့ ပြုလုပ်ထားတဲ့  sRGB( Standard Red Green Blue) တို့ပါ ဒါပေမဲ့ ဒီပုံထဲမှာက RGB အရောင်တွေကို အသုံးပြုထားပါတယ် Android 11 မှာအဲ့လို အရောင်တွေကို ချန်ညှိပေးပေမဲ့ Android 10 မှာတော့ မရပါဘူး ပုံကြောင့်ဖြစ်တာမဟုတ်ပဲ Format အမှားကြောင့်ဖြစ်တာမလို့ တခြားပုံတွေမှာလည်း ဒီလိုပြဿနာမျိုးတွေ ရှိလာနိုင်ပါတယ်

photo credit
photo credit

ကံကောင်းတာကတော့ ဒီလိုဖြစ်ပြီဆို ဖုန်းက Safe Mode ထဲကို‌ေရာက်သွားနိုင်ပြီး အဲ့ထဲမှာမှ Wallpaper ပြောင်းတာဖြစ်ဖြစ်ပုံကိုအပြီးဖျက်ပစ်တာဖြစ်ဖြစ် လုပ်လို့ရပါတယ် အဲ့လို Safe Mode ထဲမဝင်ရင်တော့ ဖုန်းကို Force Reset ချပစ်မှရမှာဖြစ်ပြီး ဖုန်းထဲမှာရှိသမျှ ‌ဒေတာတွေအကုန် ပျက်သွားမှာပါ ဒီပြဿနာပေါ်လာပြီး ခဏအတွင်းမှာပဲ Google ကတော့ ပြင်ဖို့လုပ်ဆောင်နေပြီလို့ ပြောခဲ့ပါတယ် 

တစ်ယောက်ယောက်က ကိုယ့်ကိုဒီပုံပို့လာပြီဆို ဖွင့်ကို မကြည့်ပါနဲ့ ဖုန်းထဲမှာမထားတာလည်းကောင်းပါတယ် တစ်ယောက်ယောက်ကတွေ့သွားလို့ ပုံလေးလှတယ်ဆိုပြီး Wallpaper ထားလိုက်ရင် ဒုက္ခလှလှတွေ့ပါပြီ ဆေးထိုးတတ်တဲ့ သူငယ်ချင်းတွေရှိရင်လည်း သတိထားသင့်ပါတယ် ဖုန်း Wallpaper ထားရာမှာလည်း ကိုယ့်ကင်မရာနဲ့ ရိုက်ထားတဲ့ဖုန်း ဒါမှမဟုတ် ဖုန်းရဲ့ Official Theme Store က Wallpaper တွေကိုပဲ Download ဆွဲဖို့ အကြံပေးချင်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T