ပရိသတ်တွေထဲမှာ ညဘက်ဗိုက်ဆာရင် ဝိတ်တက်မှာစိုးလို့ ထမစားပေမဲ့ Mukbang တွေ ကြည့်ရတာတော့ ခရေဇီဖြစ်မိတဲ့သူလေးတွေ ရှိလား။ ရှိရင်တော့ Yang Soobin ကို မြင်ဖူးကြမယ် ထင်ပါတယ်။

သူဟာ အသားဖြူဖြူ၊ ပါးဖောင်းဖောင်းနဲ့ ကိုယ်ခန္ဓာ ဝဖြိုးသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ Mukbang videos တွေက Youtube တစ်ခွင်မှာ နာမည်ကြီးပါပဲ။
ဒါပေမဲ့ ၂၀၁၉ ကစပြီး သူ့ရဲ့ weight loss journey ကို စတင်ခဲ့ပါတယ်။ သူ့ခန္ဓာကိုယ် ပိန်သွယ် ပြောင်းလဲလာပုံကို လူမှုကွန်ယက်မှာလည်း အမြဲမျှဝေလေ့ရှိပါတယ်။

၂၀၂၀ quarantine ကာလတုန်းကဆိုရင် သူ့ရဲ့ workout videos တွေက တော်တော်လေး ခေတ်စားလိုက်ပါသေးတယ်။ မနေ့ညက သူမရဲ့ facebook စာမျက်နှာမှာ သူ ဝိတ်မချခင်ကစလို့ အခုချိန်ထိ အဆင့်ဆင့် ပြောင်းလဲလာပုံကို တင်ခဲ့ပါတယ်။

Soobin unnie ရဲ့ ရင်သပ်ရှုမောဖွယ်အလှကို ကြည့်ရင်း ပရိသတ်တွေက ချီးကျူးပြီး မိုတီယူနေကြပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းတယ်ဆိုတာ လှဖို့ တစ်ခုတည်း မဟုတ်ဘဲ ကျန်းမာရေးရော၊ မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့ပါ လုပ်သင့်တဲ့ အရာဖြစ်ပါတယ်။

Yang Soobin ဟာ တစ်ချိန်က ဝဝကစ်ကစ်လေးကနေ အခုတော့ ကျစ်လစ်သန်မာပြီး ပိန်သွယ်တဲ့ မိန်းမလှတစ်ဦးဖြစ်နေပါပြီ။ သူ့ပုံလေးတွေကြည့်ပြီး ဝိတ်လျှော့ဖို့ မိုတီရအောင် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ သူ့ရဲ့ Instagram မှာတော့ တစ်နေ့တာ စားသောက်ပုံနဲ့ လေ့ကျင့်ခန်း videos များ တင်လေ့ရှိတဲ့အတွက် စိတ်ဝင်စားရင် follow လုပ်ထားနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

အားလုံးပဲ Yang Soobin လို ကျန်းမာပြီး လှနိုင်ကြပါစေ။