ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့တုန်းက K pop လောကမှာ တခါမှမလုပ်ခဲ့ဖူးတဲ့ Style နဲ့ Fan Meeting တစ်ခုပြုလုပ်သွားခဲ့ပါတယ် ပုံမှန် Fan Meeting တွေလို ကိုယ့် idol ကို အပြင်မှာသွားတွေ့ရတာမျိုးမဟုတ်ပဲ PC ပေါ်က Online Shooter ဂိမ်းတစ်ခုထဲမှာ ကမ္ဘာအရပ်ရပ်က ပရိတ်သတ်ပေါင်း 1450 နဲ့အတူ Virtual Global Fan Party တစ်ခုကျင်းပခဲ့တာပါ ဟုတ်ပါတယ် Kpop လောကရဲ့ ပထမဦးဆုံးသော metaverse event တစ်ခုပါ Kpop idol AleXa နဲ့ ဂိမ်းနည်းပညာကုမ္ပဏီ Imporbable တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ် AleXa ကတော့ တောင်ကိုရီးယားအခြေစိုက် Korean-American အဆိုတော်တစ်ဦးဖြစ်ပြီး 2019 ခုနှစ်မှာ ပွဲဦးစထွက်ခဲ့ကာ အာရှအနုပညာရှင် အမြောက်အများနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ Idol တစ်ယောက်ပါ
ဒီ Party ကို PC Shooter Game တစ်ခုဖြစ်တဲ့ Scavengers ထဲမှာ ကျင်းပခဲ့တာပါ ပါဝင်သူတွေဟာ သူတို့ရဲ့ ဂိမ်းဇာတ်ကောင်တွေကို အပြည့်အဝထိန်းချုပ်နိုင်ပြီး မြေပုံထဲမှာလျှောက်သွားနေလို့ရပါတယ် ဒါ့အပြင် တခြားသူတွေနဲ့အတူတူ ကနိုင် AleXa နဲ့စကားပြောနိုင်ပြီး သူမရဲ့ ဖျော်ဖြေမူတွေကိုပါ ခံစားနိုင်ပါတယ် သီချင်း ၃ ပုဒ်ဖျော်ဖြေသွားခဲ့ပါတယ် ကုမ္ပဏီအတွက်ကတော့ ဒီပွဲက ပထမဆုံးမဟုတ်ပါဘူး ဒီရှေ့မှာ Scavengers ထဲမှာပဲ ကစားသမားပေါင်း 4000 ကျော်နဲ့ Community Event တစ်ခုကိုကျင်းပဖူးပါတယ် AleXa ကတော့ "Online Platform ပေါ်မှာ ပရိတ်သတ်တွေကို ဒီလိုစုစည်းခွင့်ရလို့ ဝမ်းသာပါတယ် ခုမှဒီလိုအတွေ့အကြုံမျိုးရတာပါ ပရိတ်သတ်တွေအားလုံးလည်း မေ့နိုင်ကြမှာမဟုတ်ဘူးလို့ထင်ပါတယ် သူတို့တွေနဲ့ တိုက်ရိုက် ဆက်သွယ်ရတာဟာ တကယ် လက်ဆောင်တစ်ခုပါပဲ”လို့ပြောသွားခဲ့ပါတယ် AleXa ရဲ့ Global Fan Party ဟာ မကြုံစဖူး Kpop ဂီတနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ပထမဆုံး Virtual ပွဲဖြစ်ပါတယ်
ပရိတ်သတ်ပေါင်း 1450 ဟာ အချင်းချင်းနဲ့ရော AleXa နဲ့ပါ ဆက်သွယ်ကြရင်း ဒီပွဲဟာ ဒစ်ဂျစ်တယ်လောကရဲ့ ပထမဆုံး Music Festival ဖြစ်ခဲ့ပြီး အနာဂတ် Metaverse ထဲက ဒီလိုပွဲတွေအတွက် အလားအလာကောင်းတစ်ခု ဖြစ်လာပါတယ် Kpop လောကရဲ့ Metaverse နဲ့ Fan Meeting တွေအတွက်လည်း လမ်းသစ်တစ်ခု ပေါ်ပေါက်လာခြင်းပါ