Queen of Tears ဒရာမာဟာ လက်ရှိအချိန် အအောင်မြင်ဆုံးနှင့် ပရိတ်သတ်တွေကြား ရေပန်းအစားဆုံးဇာတ်ကားဖြစ်နေတာပါ။ အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေအပြင် ဇာတ်လမ်းဇာတ်ကွက်ထူးခြားမှုတွေကြောင့် စလွှင့်ကတည်းကနာမည်ကြီးနေတဲ့ ဒီဇာတ်လမ်းဟာနဂိုအပိုင်းတွေအပြင် စပရှယ်အပိုင်းအနေနှင့် နှစ်ပိုင်းထည့်ပြီးပြသွားမယ်လို့ TVN ဖက်ကနေကြေညာထားပါတယ်။

ဒါ့အပြင် ဒရာမာဟာ တစ်ဝက်ပဲရောက်သေးပေမဲ့ ကြည့်ရှုနှုန်းကိုစံချိန်တင်ရထားပြီးတော့ အမြင့်ဆုံးကြည့်ရှုနှုန်းရတဲ့ဒရာမာစာရင်းမှာ နံပါတ်သုံးကနေရပ်တည်နေပါတယ်။ အပိုင်းတစ်ဝက်ပဲရှိသေးတာကြောင့် ကြည့်ရှုနှုန်းဟာ ဒီ့ထက်ပိုပြီးအများကြီးရလာနိုင်ခြေလည်းရှိပါသေးတယ်။

မကြာခင် ကျင်းပတော့မယ့် ဘဲ့ဆန်းအနုပညာဆုပေးပွဲမှာလည်း မင်းသားကင်ဆိုးဟွန်းက အမျိုးသားဇာတ်ဆောင်ဆုဆန်ကာတင်စာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဆုပေးပွဲကို အတွဲလိုက်တက်ရောက်လာဖို့ကို ဒရာမာပရိတ်သတ်တွေက အတော်လေးမျှော်လင့်နေကြပါတယ်။
