ပျင်းနေရင် ပြုလုပ်သင့်သည့် အရာ ၅ မျိုး

//s9.kh1.co/00/00e62b9095fa57a189b8e038f407ec41f38abb77.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၁-နို-၂၀၂၁ ၄pm · လွန်ခဲ့သော တစ်နှစ် က

ပျင်းနေရင် ပြုလုပ်သင့်သည့် အရာ ၅ မျိုး

တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေဟာ အလုပ်လုပ်နေရာကနေတစ်ဆင့် ပျင်းလိုက်တာဆိုတာမျိုး ဖြစ်လာတတ်ပါတယ်။ပျင်းတာက တစ်ခါတစ်လေလောက်ပဲ ကောင်းပါတယ်။အမြဲတမ်းကိုယ့်စိတ်က ပျင်းလာတယ်ဆိုရင်တော့ အခုပြောပြမဲ့ အချက်လေးတွေကို လိုက်လုပ်ကြည့်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။သီချင်းနားထောင်ပါ။

ကိုယ်ဟာ အချိန်အတော်ကြာ ပျင်းလာတာနဲ့တစ်ပြိုင်နက် ကိုယ့်စိတ်ကို ပျင်းတယ်ဆိုပြီး မလွှတ်ထားလိုက်ပါနဲ့။ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ နားထောင်ရတဲ့အတွက် ကိုယ့်စိတ်ဟာ အလိုလိုပျော်လာပြီး ပျင်းတဲ့စိတ်ဆိုတာ မရှိသလောက် နည်းပါးသွားမှာ ဖြစ်ပါတယ်။

Photo Credit  - Google
Photo Credit  - Google

၂။သစ်ပင်လေးတွေစိုက််ကြည့်ပါ။

ကိုယ်က သစ်ပင်စိုက်ရတာ ဝါသနာပါတာပဲ ဖြစ်ဖြစ်၊အသစ်အဆန်းတစ်ခုပြုလုပ်ရတာ ဝါသနာပါတဲ့သူဆိုရင်တော့ မိမိရဲ့နေအိမ်လေးမှာ သစ်ပင်လေးတွေစိုက်ကြည့်ပါ။အပင်လေးကို ပြုစုနေရတာနဲ့ သင့်မှာ ပျင်းတဲ့စိတ်ဆိုတာ မရှိသလောက်နည်းပါးသွားမှာ ဖြစ်ပြီး အပင်လေးကြီးထွားလာလေလေ သင်ပျော်ရွှင်နေမိမှာပဲ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၃။ဘာသာစကားအသစ်လေ့လာကြည့်ပါ။

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လို့နေပါပြီ။မတူညီတဲ့နိုင်ငံ၊မတူညီတဲ့ဓလေ့တွေကို သိဖို့အတွက် ဘာသာစကားအသစ်လေ့လာကြည့်ပါ။ဘာသာစကားအသစ်လေ့လာကြည့်တာက ကိုယ့်ကို အပျင်းလည်းပြေစေသလို ဗဟုသုတတွေလည်း တိုးပွားစေမှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၄။သူငယ်ချင်းတွေကိုဖုန်းခေါ်ပါ။

အခုချိန်မှာ ကျွန်တော်တို့ဟာ အခြေအနေအမျိုးမျိုးကြောင့် သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ အပြင်မှာမတွေ့ဖြစ်ပဲ ဝေးကွာနေရပါတယ်။ကျွန်တော်တို့ဟာ အရင်ကဆို ပျင်းလာတာနဲ့ သူငယ်ချင်းတွေကို သွားတွေ့လို့ရပေမဲ့ အခုက Covid တွေကြောင့် မတွေ့နိုင်ကြတော့ပါဘူး။ကိုယ့်စိတ်က ပျင်းလာတာနဲ့ ကိုယ်ခင်ရတဲ့သူငယ်ချင်းတွေကို ဖုန်းခေါ်ပြီး သူတို့နဲ့အမှတ်တရပျော်ခဲ့ဖူးတဲ့အကြောင်းတွေ ပြောခြင်းက သင့်ကိုပျော်ရွှင်စေလာမှာ ဖြစ်ပါတယ်၊၊

Photo Credit - Google
Photo Credit - Google

၅။ကိုယ်ကြိုက်တဲ့မုန့်လေးလုပ်စားကြည့်ပါ။

ကိုယ့်စိတ်ထဲမှာနေလို့မကောင်းလာတာ တစ်နည်းအားဖြင့် ပျင်းတဲ့စိတ်ဖြစ်ပေါ်လာပြီဆိုရင် အိပ်ယာပေါ်မှာ ဒီတိုင်းကြီး လဲမချပါနဲ့။ပျင်းတဲ့စိတ်ကို အနိုင်ယူဖို့အတွက် ကိုယ်က ဟင်းချက်ရတာကို ကြိုက်တယ်၊အစားအသောက်ကောင်းကောင်းစားရတာ ကြိုက်တယ်ဆိုရင် တစ်ခုခုလုပ်စားကြည့်ပါ။ကိုယ်ကြိုက်နှစ်သက်တာကို လုပ်နေရတာဖြစ်တဲ့အတွက် ပျင်းတဲ့စိတ်ဆိုတာ ရှိမလာတော့ပါဘူး။ဖော်ပြခဲ့တဲ့အချက်လေးတွေကို လိုက်လုပ်ကြည့်ပြီး နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊၊

Hsu Ei Khin
Arche

ဆက်စပ်သတင်း

Copyright Mediaload