အဖေနဲ့အမေရှိမှာ လူတော်တော်များများဟာ အမေသာလျှင်သားသမီးတွေကို ပိုချစ်တက်ကြတယ်လို့ထင်ကြပါတယ်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ အဖေတွေလည်း သူတို့သားသမီးကို ချစ်ကြပါတယ်။ သူတို့ရဲ့အလုပ်တွေပဲ လုပ်နေရလို့ သူတို့အနေနဲ့ သားသမီးတွေကို အားလပ်တဲ့အချိန်မှာသာလျှင် ဘယ်လောက်ချစ်လဲဆိုတာကို ပြသနိုင်ပါတယ်။ အလုပ်ပဲလုပ်ပြီး သားသမီးတွေကို အချိန်မပေးတာမဟုတ်ပဲ နားလည်မှုလေးတော့ရှိပေါ့။ ခုဆိုရင်တော့ အဖေတို့ရဲ့ ချစ်ခြင်းမေတ္တာကိုပြသတဲ့ ပုံတွေကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။
Get Ready For Halloween

သမီးတွေကြိုက်နှစ်သက်တဲ့ ကာတွန်းဇာတ်ဆောင်က မိန်းကလေးဖြစ်နေလည်း အဖေက Halloween မှာ အတူတူဝတ်ပေးမှာပေါ့။ ပုံထဲမှာလည်း သမီးတွေပျော်နေတာကို တွေ့ရမှာပါ။
Only Dad Can Do This

ဒီပုံကတော့ ပရိသတ်ကြီး သိကြတဲ့အတုိင်း ကလေးခေါင်းပေါ်က အမာရွှတ်ဟာ ကင်ဆာကြောင့် ခွဲစိတ်ထားရတာဖြစ်ပြီး အဖေကလည်း သူသားအားမငယ်အောင် ခေါင်းပေါ်မှာ ပုံတူတက်တူးထိုးပေးထားတာပါ။ အဖေသာလျှင်ခုလိုလုပ်ပေးနိုင်တယ်လေ။
A Lucky Father

သမီးတို့အဖေကို မိတ်ကပ်အလှပြင်ပေးလည်း အဖေပျော်ပါတယ်။ သမီးတို့တွေ မိတ်ကပ်ပညာရှင်ဖြစ်ချင်လည်း အဖေကိုယ်တိုင် အရင်ဆုံးအလိမ်းခံပါမယ့် ဆိုတဲ့ အဖေမျိုးပါ။ ပုံမှာလည်း သူရဲ့သမီးတွေ အလှပြင်ပေးနေတာကို ငြိမ်ခံနေတဲ့ အဖေတစ်ယောက်ကိုတွေ့ရမှာပါ။ ချစ်သူဘဝမှာ မိန်းမဖြစ်သူ အလှပြင်တာတောင်မခံတာ သမီးနဲ့တွေ့မှ ငြိမ်ခံတာမျိုးေပါ့။
Don't Have Fear When Dad Is There

ခေါင်းစဉ်လိုပါပဲ အဖေသာရှိနေရင် သမီးအနေနဲ့ ဘာမှ ကြောက်နေစရာမလိုပါဘူး။ အဖေက သမီးကို အမြဲကာကွယ်ပေးနေမယ့် Hero ပါ။
Fathers Are Great

အဖေက သမီးလေးတစ်ယောက် အားငယ်နေမှာဆိုလို့ သူ့ရဲ့ခေါင်းပေါ်မှာ နားကြားကိရိယာ ပုံစံတက်တူးကိုထိုးထားပါတယ်။ ဒါမှလည်း သမီးလေးက သူ့ကိုသူ စိတ်တွေ မတည်မငြိမ်မဖြစ်တော့ဘူးပေါ့။
သတင်း အရင်းအမြစ်៖ Blogger Arena





