မနေ့ကကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့လေးမှာ ပရိတ်သတ်တွေ ဖြစ်ချင်တဲ့ဆန္ဒအမြန်ဆုံးဖြစ်ပါစေလို့ ပြန်လည်ဆုမွန်ကောင်းတောင်းပေးလာခဲ့တဲ့ ပြည်သူ့အချစ်တော် အမိုက်စားမော်ဒယ်မင်းသားခါရာ

//s9.kh1.co/c8/c861f7e2cbe8d8f7be77645160d04b67c1381181.jpg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တကယ်ကို ပြည်သူအတွက်တွေးပေးတတ်တဲ့ မင်းသားပါပဲ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကျစ်လျစ်လှပတဲ့ အမိုက်စားခန္ဓာကိုယ်၊ ရှည်လျားသော အရပ် နဲ့ ကြည်လင်ခန့်ညားနေတဲ့ မော်ဒယ်မင်းသားလို့ဆိုလိုက်တာနဲ့ ပရိတ်သားများအားလုံးက ခါရာကိုပဲပြေးမြင်ကြပါလိမ့်မယ်။သူ့ရဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကြောင့်သာမက ပရိတ်သတ်တွေအပေါ်လေးစားစွာဆက်ဆံတတ်မှုကလည်း ခါရာမှ ပရိတ်သတ်များ အထူးသဖြင့် မိန်းကလေးပရိတ်သတ်များ ကို ညှို့ယူဖမ်းစားထားတဲ့ အချက်ဆိုရင်လည်းမမှားပါဘူး။

Photo Credit From Khar Ra
Photo Credit From Khar Ra
Photo Credit From Khar Ra
Photo Credit From Khar Ra

သူဟာ အနုပညာလှုပ်ရှားမှုများအနေနဲ့ မော်ဒယ် နှင့် မင်းသားအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူ ပါဝင် သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲများနှင့် ဇာတ်ကားတိုင်းကိုလည်းပရိတ်သတ်တွေတိုင်းက လက်ခံအားပေး ချစ်ခင်ပေးကြတဲ့အထိအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit From Khar Ra
Photo Credit From Khar Ra
Photo Credit From Khar Ra
Photo Credit From Khar Ra

ယမန်နေ့ အောက်တိုဘာ(၂၁)ရက်နေ့ဟာ သူ့မွေးနေ့ဖြစ်ပါတယ်။သူဟာ သူ့ရဲ့မွေးနေ့မှာ သူရဲ့ အမာခံပရိတ်သတ်တွေအတွက် စာသားအချို့ကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာတင်လာခဲ့တာဖြစ်ပါတယ်။သူဟာ သူ့ရဲ့ ပရီတ်သတ်နှင့်အဆက်အသွယ်ပြတ်တာကြာနေပေမယ့် အမြဲ သတိရနေတဲ့အပြင် သူ့အတွက်မွေးနေ့ဆုတောင်းစကားဆိုလာကြသူတိုင်းကို အဝေးတစ်နေရာမှ ကျေးဇူးတင်စကားဆိုလိုကြောင်း၊သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ် ဆုတောင်းတစ်ခုတောင်းပါဆိုလျှင် ပရိတ်သတ်ကြီးအမြန်ဖြစ်ချင်နေတဲ့ ဆန္ဒအမြန်ဆုံးပြည့်ရပါစေ ဟူ၍လည်းကောင်း၊ ဒါ့အပြင် ပရိတ်သတ်အား အမြန်ဆုံးပြန်တွေ့ချင်တာကြောင့် မတွေ့ရခင်အချိန်အထိ ကျန်းမာရေးဂရုစိုက်ရန် ပြောကြားလာခဲ့တာဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်း ခါရာ့ကို အမြန်ဆုံး ပရိတ်သတ်နှင့် ပြန်လည်ဆုံစည်းရပါစေလို့ အပြန်အလှန်ပြန်လည်ဆုတောင်းပေးခဲ့ကြပါတယ်။

Photo Credit From Khar Ra
Photo Credit From Khar Ra
Photo Credit From Khar Ra
Photo Credit From Khar Ra
Photo Credit From Khar Ra
Photo Credit From Khar Ra
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T