သင်ဇာဝင့်ကျော်ကတော့ အနုပညာအလုပ်တွေကို ဆယ်စုနီးပါး လုပ်ကိုင်လာခဲ့သူဖြစ်ပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရည်လေးကလည်း ချောမောလှပတဲ့အပြင် ကိုယ်လုံးကိုယ်ပေါက်ကလည်း ဆွဲဆောင်မှုရှိတာကြောင့် ယောကျာ်းလေးပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ လူငယ်လေးတစ်ယောက်လို အမြဲတမ်းတက်ကြွနေပြီးခန္ဓာကိုယ်အလှအပဖို့အတွက် အားကစားကိုလည်း လိုက်စားသူပဲ ဖြစ်ပါတယ်။
ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တင့်တယ်ပြီး ဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ သင်ဇာဝင့်ကျော်ဟာ အလုပ်ကိစ္စဖြင့် ချောင်းသာကမ်းခြေကို ရောက်ရှိနေပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ အခုလည်း သင်ဇာဝင့်ကျော်က ဆွဲဆောင်မှုရှိတဲ့ အမိုက်စားပို့စ်တွေနဲ့ ဓာတ်ဖမ်းတဲ့ ပုံလေးတွေကို ထပ်မံဖော်ပြလာခဲ့ပါတယ်။
ဒီပုံလေးတွေမှာတော့ ညှို့အားပြင်းတဲ့ မျက်ဝန်းလေးတွေနဲ့ ဖမ်းစားထားပြီး မြင်သူငေးရလောက်အောင် လှနေရက်တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ကြည်လင်ဝင်းပနေတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတာကြောင့် ဝတ်ဆင်ထားတဲ့ ဖက်ရှင်လေးနဲ့လည်း အရမ်းလိုက်ဖက်နေတာ ဖြစ်ပါတယ် ။ တစ်ပုံချင်းစီတိုင်းမှာ ဆွဲဆောင်မှုရှိနေတာကြောင့် သင်ဇာဝင့်ကျော်ရဲ့အလန်းစားပုံရိပ်တွေကို ပရိသတ်တွေ ချစ်အားပိုအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Thinzar Wint Kyaw