တော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေပြီး မတရားမှုကိုဆန်ကျင့်နေကြတဲ့သူတွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေလည်း ပါဝင်ခဲ့ပါတယ်။
တော်လှန်ရေးအတွက် နှောင်ကြိုးတွေဖြတ်ခဲ့ရတာရှိသလို ရာထူး၊စည်းစိမ်တွေအားလုံးလွှတ်ချလိုက်ရပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်၊၊
ဒါရိုက်တာသည်ခေတ်နေဟာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။လူထုလှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
သူဟာ လွတ်မြောက်နယ်မြေ ရောက်သွားပေမဲ့လည်း တော်လှန်ရေးမှာတော့ သွေးမအေးပဲ ကျရာနေရာကနေ တော်လှန်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
အခုတစ်ခေါက်မှာတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကလေးလေးတွေကို သူကိုယ်တိုင်ကိုယ်ကျ ဖိနပ်စီးပေးနေပုံလေးတွေဝေမျှခဲ့ပြီး ဖိနပ်လေးတစ်ရံဟာ ကလေးလေးဆက်လျှောက်ရမယ့် လမ်းပေါင်းများစွာ ဖြစ်ပါစေ အလှူရှင်တွေလည်း ကျန်းမာပါစေလို့ ရေးသားထားတာကို ပရိတ်သတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ The Khit Nay