ယနေ့ချိန်မှာဆိုရင် လူတွေဟာ ကိုကြိုက်တဲ့အနုပညာရှင်နဲ့တူအောင်လို့ ခွဲစိတ်ပြုပြင်တက်တာတွေ ရှိပါတယ်။ တချို့သူတွေအနေနဲ့ကတော့ ဘာဘီပုံစံအနေဖြင့် ခွဲစိတ်ပြုပြင်တက်ကြပါတယ်။ ခွဲစိတ်တဲ့နေရာမှာလည်း တချို့က ကိုလိုချင်တာကို ရသွားတဲ့သူရှိသလို တချို့ကလည်း အပြင်လွန်သွားတာမျိုးတွေရှိပါတယ်။ ခုဆိုရင်လည်း အမေဖြစ်သူ Georgina Clarke 38 နှစ်နဲ့ သမီးဖြစ်သူ Kayla Morris 20 နှစ်တို့ဟာ ဘာဘီနဲ့တူအောင် ပေါင်ခြောက်သောင်းကျော် အကုန်အကျခံပြီး ခွဲစိတ်ခဲ့ပါတယ်။
အမေဖြစ်သူက ဘာဘီနဲ့တူအောင် နှုတ်ခမ်းဆေးထိုး၊ ပါးရိုးဖြည့်တာတွေနဲ့ botox တွေထိုးခဲ့ရပြီး သမီးကတော့ Katie Price နဲ့တူချင်လို့ ရင်သားကြီးအောင်ခွဲစိတ်ပြီး၊ နှုတ်ခမ်းထူအောင် ဆေးထိုးခဲ့ပါတယ်။ ခွဲစိတ်ဖို့ ပိုက်ဆံရအောင် အဖော်အချွတ်ကတာတွေမှာ ဝင်လုပ်ခဲ့ပါတယ်။ သူတို့သားအမိက “OMG! My Mum’s hotter than me” ဆိုတဲ့ တီဗီအစီအစဉ် မှာ ပါဝင်လာတာဖြစ်ပြီး အမေက သူ့သမီး ၁၁နှစ်ကတည်းက ဒီလိုခွဲစိတ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ပြောပါတယ်။
အခုအခါမှာ C Cup ရှိပြီး G Cup ဖြစ်တဲ့အထိ ခွဲစိတ်မယ်လို့ပြောကြားခဲ့ပါတယ်။ သူ့သမီးရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့လည်း သူမဟာ ပြသနာမရှိပါဘူး။ သူကစံပြမိန်းကလေးပါဘဲ။ အမှီအခိုကင်းပြီး သူလိုချင်တဲ့ပိုက်ဆံသူရှာနေတာပါ။ သူတို့သားအမိက တူတူအလှပြင်ဆိုင်တွေသွားကြပြီး ခွဲစိတ်ကြပါတယ်။ ခုပုံစံကိုလည်း မကျေနပ်သေးဘဲ ထပ်ခွဲစိတ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီလို သူခွဲစိတ်ဖို့ ပိုက်ဆံရှာပေးတဲ့ သမီးရှိတာလည်း ဂုဏ်ယူပါတယ်တဲ့။ Kalya က ၁၇နှစ်ကတည်းက အဖော်အချွတ်ကပြီး ပိုက်ဆံရှာဖို့အတွက် ကျောင်းထွက်ခဲ့တာ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Daily Mail