လုံးဝဝိတ်တက်မလာစေတဲ့ အစားအစာ (၅)မျိုး

//s9.kh1.co/0e/0e537539d08592f0f6a8294da52a6f1f5423788d.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၂-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

လုံးဝဝိတ်တက်မလာစေတဲ့ အစားအစာ (၅)မျိုး

လူ့အလိုနတ်မလိုက်နိုင်ဆိုသလိုပေါ့။ကိုယ်အလေးချိန်များတဲ့သူတွေကလည်း ကိုယ်အလေးချိန်လျှော့ချင့်ကြသလို ကိုယ်အလေးချိန်နည်းတဲ့သူတွေကလည်း ကိုယ်အလေးချိန်တက်အောင် လုပ်ချင်ကြပါတယ်။ဒီတစ်ခေါက်မှာတော့ ဘယ်လောက်စားစား ဝိတ်တက်မလာစေတဲ့ အစားအစာ ၅မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။ကြက်ဥ

 ကြက်ဥ တစ်လုံးမှာ ကယ်လိုရီ ၁၇ ရာခိုင်နှုန်းပါဝင်ပြီး ကြက်ဥဟာ အချိန်ကြာမြင့်စွာ အစာခံနိုင်တဲ့အတွက် အစားရှောင်တဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ကြက်ဥကို ခရမ်းချဥ်သီးနဲ့သုပ်စားလို့လည်းရပါတယ်။ဒါပေမဲ့ ကြက်ဥကို ဆီနဲ့ကြော်စားခြင်းကို ရှောင်ရပါမယ်။

Photo Credit - Google
Photo Credit - Google

၂။ဆလပ်ရွက်

ဆလပ်ရွက်မှာ ဗိုက်တာမင် A၊Cနဲ့ ဖောလစ်အက်ဆစ်တို့ပါဝင်ပါတယ်။ဆလပ်ရွက်မှာ ကယ်လိုရီ ၁၀ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ဘယ်လောက်စားစားကိုယ်အလေးချိန်မတက်တဲ့အတွက် စိတ်ကြိုက်စားလို့ရပါတယ်။

Photo Credit - Google
Photo Credit - Google

၃။သခွားသီး

သခွားသီးမှာ ကယ်လိုရီ ၁၆ ရာခိုင်နှုန်းပါဝင်ပြီး ရေဓာတ် ၉၇ ရာခိုင်နှုန်းထိပါဝင်ပါတယ်။လတ်ဆတ်တဲ့သခွားသီးတွေမှာ အာဟာရတန်ဖိုးများစွာပါဝင်သလို အခွံကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။အထူးသဖြင့် သခွားသီးကို စားသုံးခြင်းဟာ မျက်စိလည်း အားကောင်းစေပါတယ်။

Photo Credit- Google
Photo Credit- Google

၄။ခရမ်းချဥ်သီး

ခရမ်းချဥ်သီးမှာ ကယ်လိုရီ ၂၅ ရာခိုင်နှုန်းထိပါဝင်ပြီး Lycopene ဓာတ်အပြည့်ပါဝင်ပါတယ်။နောက်ပြီးတော့ ဗိုက်တာမင် C၊ဗိုက်တာမင် B နဲ့ဖောလစ်အက်ဆစ်၊အမျှင်ဓာတ်၊ခရိုမီယမ်၊ပိုတက်ဆီယမ်တို့လည်းပါဝင်ပါတယ်။

Photo Credit- Google
Photo Credit- Google

၅။လိမ္မော်သီး

လိမ္မော်သီးမှာ ကယ်လိုရီ ၈၀ ရာခိုင်နှုန်းထိပါဝင်ပြီး ဗိုက်တာမင် C အဓိကပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။နောက်ပြီးတော့ လိမ္မော်သီးက စားကောင်းသလို အခွံနဲ့အသားကြားမှာရှိတဲ့အမျှင်က အဆီပိုတွေကိုလျှော့ချတဲ့နေရာမှာ အသုံးဝင်ပါတယ်။အခုဖော်ပြပေးခဲ့တဲ့ အစားအစာ ၅ မျိုးကတော့ သင်ဘယ်လောက်စားစားဝိတ်မတက်စေတဲ့ အစားအစာ ၅ မျိုးပဲ ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T