Mark Prin ထိုင်မင်းသားချောလေးက ထိုင်းနိုင်ငံမှာသာမက အာရှတစ်ဝှမ်းမှာလဲ နာမည်ကြီးရေပန်းစားတဲ့ မင်းသားတစ်ဦးပါ။ ထိုင်းနိုင်ငံက မော်ဒယ်သရုပ်ဆောင်ဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းတွဲတွေကိုလည်း လူကြိုက်များကြပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ "My Husband In Law” drama နဲ့ မြန်မာပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
စတိုင်မိုက်တဲ့ Mark Prin လဲ GUCCI နှစ် 100 ပြည့်အတွက် ရိုက်ကူးရေးမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါပွဲရဲ့ အင်တာဗျုးမှာ Mark Prin က “Kimberley နဲ့ချစ်သူဖြစ်တာ 8 နှစ်ပြည့်ပြီ သူနဲ့ ချစ်သူဖြစ်ရတာ အရမ်းပျော်ရွှင် ပါတယ်။ နှစ်အကြာကြီး ချစ်ခဲ့ရတာအရမ်းပျော်တယ် သူပျော်ရွှင်အောင် Beach မှာ 8နှစ်ပြည့် Anni: ကိုကျင်းပခဲ့တာပါ။
ကျွန်တော်လည်း လက်ထပ်ရမယ့်အရွယ်ရောက်ပြီမို့ လက်ထပ်ချင်ပါတယ်။ ဒါပေမယ့်ကျွန်တော့်မှာပြင်ဆင် စရာတွေရှိသေးတာမို့မလောပါဘူး Fan တွေလည်း စိတ်ရှည်ရှည်နဲ့စောင့်ပေးကြပါဦး။ ကျွန်တော်တို့ အပန်းဖြေအိမ် အပြင် Khaoyai မှာ နောက်ထပ်သန်း၆၀တန် အိမ်တစ်လုံးဆောက်နေတယ် ဆိုတာမဟုတ်ပါဘူး။ လက်ထပ်ပြီးနေဖို့က Khaoyai မှာမဟုတ်ပဲ တခြားနေရာမှာတော့ ခြံဝယ်ထားပြီးအခုအိမ်ဆောက်နေပါပြီ။
အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်နေ့မှာ Fan တွေနဲ့အတူ အစားစာဖြန့်ဖြူးခြင်း ပရဟိတ ကထိန်အတွက်ပူးပေါင်းပါဝင် ထားပြီးအဲ့ဒီအတွက်ပြင်ဆင်နေပါတယ်” လို့ ဖြေထားပါတယ်။
ဘော်ဒီအမိုက်စားနဲ့ အပြုံးချိုချို Mark Prin ရဲ့ ဖက်ရှင်လေးတွေကိုလည်း ဝေမျှပေးလိုက်ပါတယ်။