ယနေ့မှာ မွေးနေ့ကျရောက်ခဲ့တဲ့ ကမ္ဘာကျော် The Beatles အဖွဲ့ဝင်ဟောင်း အနုပညာရှင် John Lennon

//s9.kh1.co/01/01d316a1394c14e02f463ac8fb45c396679beba8.jpg
အနုပညာရှင်များ

 ၀၉-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူသာသေဆုံးပေမယ့် အနုပညာခုထိမသေဆုံးတဲ့ အနုပညာရှင်....

The Beatles အဖွဲ့ဆိုတာနဲ့ အသက်အရွယ်အပိုင်းအခြားမရွေး အားပေးကြတဲ့ အဖွဲ့ဆိုတာ သိကြမှာဖြစ်ပါတယ်။The Beatles ဟာ သီချင်းပေါင်းများစွာကို ဖန်တီးထုတ်လုပ်ခဲ့ပြီး ယခုချိန်ထိလည်းအောင်မြင်ကျော်ကြားနေဆဲဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google

ယနေ့မှာ The Beatles အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ John Lennon သာ သက်ရှိထင်ရှားရှိဦးမယ်ဆိုရင် (၈၁) နှစ်ပြည့်မှာပါ။ သူနဲ့ Paul McCartney တွဲဖက်သီချင်းရေးခဲ့ခြင်းက ဂီတသမိုင်းမှာ အအောင်မြင်ဆုံး စံချိန်ပါပဲ။သူ့ရဲ့ တေးသီချင်းများစွာဟာလည်း ခုချိန်ထိ စံချိန်တင်နေတဲ့ ဂန္တဝင်တေးသီချင်းတွေပဲဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google

The Beatles ပြိုကွဲအပြီးမှာလည်း သူဟာတစ်ကိုယ်တော်ဂီတခရီးဆက်လွှင့်သလို Yoko Ono နဲ့လည်းတွဲဖက်ခဲ့ပါတယ်။ (1980)ခုနှစ် သူ့ အသက် (၄၀) အရွယ်မှာ သေနတ်နဲ့ပစ်သတ်ခံရလို့ ကြွေလွင့်ခဲ့ရပါတယ်။လူသာသေဆုံးသွားပေမယ့် အနုပညာမသေဆုံးသွားတဲ့ John Lennon ရဲ့ ပုံတွေကို ပရိတ်သတ်ကြီးရှုစားနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T