စေ့စပ်လက်စွပ်ဆိုတာ ချစ်သူတိုင်းအတွက် တကယ့်ကိုတန်ဖိုးထားရတဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ လက်စွပ်အပေါ်မှာ ကိုယ့်ရဲ့ချစ်ခြင်း မေတ္တာ နဲ့ ကိုယ့်ဘဝတစ်ခုလုံး သူ့နဲ့အတူ ဖြတ်သန်းလိုတဲ့ ဆန္ဒတွေပါဝင်တဲ့ အတွက် စေ့စပ်လက်စွပ်က တန်ဖိုးထားရတဲ့ အရာလေးဖြစ်သွားပါတယ်။ အဲ့ဒါကြောင့်ပဲ တချို့က လက်စွပ်ကို စိန်လက်စွပ် ပေးတာတို့ တန်ဖိုးကြီး လက်စွပ်ပေးတာတို့ စသဖြင့် ပေးတက်ကြပါတယ်။
စေ့စပ်လက်စွပ်ဆိုတာလည်း အဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်နေတဲ့အတွက် တစ်ယောက်လက်စွပ်နဲ့တစ်ယောက် မတူညီကြတော့ပါဘူး။ တချို့ကအပေါ်မှာ ပြောခဲ့သလို တန်ဖိုးကြီးတယ်....တချို့က တန်ဖိုးနည်းပေးမဲ့ လေးနက်တယ် စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ လူတွေကတော့ ခုချိန်မှာ အဲ့မိန်းကလေးရဲ့ စေ့စပ်လက်စွပ်နဲ့ပတ်သတ်ပြီး အံ့ဩခဲ့ကြကာ မေးခွန်းတွေ မေးခဲ့ကြပါတယ်။ အဲ့လက်စွပ်က ဘာလက်စွပ်မို့ လူတွေ ထိတ်လန့် အံ့ဩခဲ့ကြတာလဲ။
ဘာလို့လဲဆိုတော့ လက်စွပ်က ဆံပင်နဲ့ ပြုလုပ်ထားတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ချစ်သူကောင်လေးဟာ သူရဲ့ကိုယ်ပိုင်ဆံပင်နဲ့ ကောင်မလေးအတွက် လက်စွပ်ပြုလုပ်ကာ လက်ထပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ပုံတင်ခဲ့ပြီး " ငါ့ကောင်လေးကခု ငါ့သတိုသားလောင်း ဖြစ်ပြီး " ဆိုပြီး ရေးတပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရော ကိုယ့်ချစ်သူကောင်မလေးကို ဘယ်လို လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းမလဲ။
သတင်း အရင်းအမြစ်៖ Mirror