အိန္ဒိယဟာ ပရိသတ်ကြီး သိတဲ့အတိုင်း အရာရာကို ကြီးကြီးမားမားတွေပြုလုပ်တက်လေ့ရှိပါတယ်။ ဥပမာ Bollywood ကားတွေကိုကြည့်လိုက်ရင် မင်းသားတွေဟာ Superhero တစ်ယောက်လိုပါပဲ။ ဒါပေမယ့် သူတို့ပုံစံနဲ့ သူတို့ကတော့ ကမ္ဘာကျော်ပါတယ်။ Asia မှာအကောင်းဆုံးမင်းသားနေရာ တော်တော်များများကို Bollywood ကအုပ်စိုးထားတာပါ။
ခုဆိုရင်လည်း လူလေးယောက်ပေါင်းပြီး ရေးမှ အဆင်ပြေနိုင်မယ့် ကမ္ဘာ့ အကြီးဆုံး ဘောပင်ကြီးကုိ အိန္ဒိယနိုင်ငံက ကြံကြံဖန်ဖန် ဖန်တီးခဲ့ပါတယ်။ ဒီဘောပင်ကြီးကို အိန္ဒိယနိုင်ငံသား ဆီရင်ဗာဆာဆိုသူက တီထွင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘောပင်ကြီးရဲ့ အရွယ်အစားဟာ ၁၈ပေကျော်ပြီး အလေးချိန်ကတော့ ၈၂ ပေါင် အလေးချိန်ရှိပါတယ်။
အရွယ်အစားကြီးလွန်းလို့ ဟန်ပြအဖြစ်တည်ဆောက်ထားတာပဲလို့ထင်ရင် မှားသွားပါလိမ့်မယ်။ ဒီဘောပင်ကြီးဟာ တကယ်ရေးလို့ရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ 2011 ခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံး ဘောပင်ကြီးအဖြစ် ဂင်းနစ် စံချိန်ဝင်ခဲ့ပါတယ်။ သူ့ရဲ့ စံချိန်ကို ဘယ်သူမှ လိုက်မမှီနိုင်သေးပဲ ယနေ့ချိန်အထိ ကမ္ဘာ့အကြီးဆုံးဘောပင်ကြီးအဖြစ် စံချိန်တင်ထားလျက်ရှိနေပါတယ်။
သတင်း အရင်းအမြစ်៖ Guinness World Records