တောရိုင်းတိရစ္ဆာန် သဘာဝ ကို ဓာတ်ပုံရိုက်သူ တစ်ယောက်ဟာ ကျားသစ်နဲ့ မိကျောင်းကြားက တိုက်ပွဲကို မြင်ရချိန်မှာတော့ အလွန်အမင်း အံ့အားသင့်ခဲ့ရပါတယ်။ ကျားသစ်ဟာ မိကျောင်းကြီးကို လျှပ်တပြက် တိုက်ခိုက်ပြီးနောက်မှာ မိကျောင်းကြီး ကို ကိုက်ဖြတ်ပြီး ဆွဲချီသွားခဲ့ပါတယ်။ ကျားသစ်ရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။
ကျားသစ်ဟာ မိကျောင်းနဲ့ မိနစ် ၂၀ ကျော်လောက် နပန်းလုံးပြီး သူ့ရဲ့ အားပြင်းတဲ့ အဆွယ်တွေ နဲ့ မိကျောင်းရဲ့ လည်ပင်းကို ဆွဲကိုက်ခဲ့ပါတယ်။ မိကျောင်းဟာ ရုန်းထွက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျားသစ်ပဲ အနိုင်ရရှိခဲ့ပါတယ်။
ကျားသစ်ဟာ မိကျောင်းကို သူ့ရဲ့ လည်တိုင်ကနေ ကိုက်ချီပြီး ရေထဲကနေ ဆွဲတင်ခဲ့ပါတယ်။ အဲ့နောက် တောထဲကို ဆွဲချီသွားခဲ့ပါတယ်။ တကယ့်ကို မြင်ရသူ အဖို့ ရင်သပ် ရှုမောဖွယ်ကောင်းတဲ့ ကျားသစ် နဲ့ မိကျောင်းတို့ ရဲ့ တိုက်ပွဲပါပဲ။ မိကျောင်းဟာလည်း ရေဘုရင်ဆိုပေမယ့် ကုန်းပေါ်မှာဆိုတော့ ကျားသစ်ပဲ အနိုင်ရရှိသွားပုံပါပဲ။
သတင်း အရင်းအမြစ်៖ The Mirror