အီဂျစ်နိုင်ငံရဲ့ ဖာရိုဘုရင်တွေကတော့ သမိုင်းမှာ အလွန်ထင်ရှားလှတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။
၄င်းဘုရင်တွေဟာ သူတို့ရဲ့ သေပြီးသား ခန္ဓာကိုယ်တွေကို မပုပ်မသိုးအောင် စီမံခဲ့ကြတဲ့ မံမီရုပ်အလောင်းတွေကလည်း ကမ္ဘာပေါ်မှာ အလွန်ထင်ရှားခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင်လည်း ဖာရိုဘုရင်တစ်ပါးရဲ့ ရုပ်ထုကြီးတစ်ခုကို နှောင်းလူတွေက တူးဖော်တွေ့ရှိခဲ့ပါတယ်။
ဒီရုပ်တုကြီးကို ဂျာမနီနဲ့ အီဂျစ် သိပ္ပံပညာရှင်တွေ ပူးပေါင်းထားတဲ့ အဖွဲ့တစ်ဖွဲ့ က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အီဂျစ်နိုင်ငံ Heliopolis မြို့ဟောင်းအနီးက ဆင်းရဲသား ရပ်ကွက် တစ်ခုမှာ တူးဖော်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒီရုပ်ထုကြီးဟာ သလင်းကျောက်နဲ့ပြုလုပ်ထားပြီး ပေ ၂၀ လောက်အမြင့်ရှိပါတယ်။
အဲ့ဒီနောက်ဒီရုပ်ထုကြီးကို စစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်က အီဂျစ်ပြည်မှာ ဘုရင်လုပ်အုပ်ချုပ်ခဲ့တဲ့ ဖာရိုဘုရင် Ramses II ရဲ့ ရုပ်တု ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀၀၀ ကျော်နေတဲ့ ဒီလိုရုပ်ထုကြီးကိုတွေ့ရှိခဲ့တာက သမိုင်းမှာတွေ့ရှိခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ တွေ့ရှိမှုကြီးတစ်ခုပါပဲ။
သတင်း အရင်းအမြစ်៖ Mirror