McKamey လို့ခေါ်တဲ့အိမ်ကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကြောက်စရာအကောင်းဆုံးသောအိမ်တွေထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။
ဒီအိမ်ကြီးဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ထဲက ဆန်ဒီရေဂိုမှာတည်ရှိပြီး အိမ်ကြီးရဲ့ပိုင်ရှင်ကတော့ Russ McKamey ပဲဖြစ်ပါတယ်။
ဒီအိမ်ကြီးထဲမှာကြုံတွေ့ရမယ့်အရာတွေဟာ အရမ်းကြောက်စရာကောင်းတာကြောင့် နှလုံးရောဂါအခံမရှိသူတွေကိုသာ လာရောက်လည်ပတ်ခွင့်ပြုထားပါတယ်။
အကယ်၍ အရမ်းလည်ပတ်ချင်တယ်ဆိုရင်တောင် heart attack ဖြစ်နိုင်ချေရှိမရှိကို စစ်ဆေးပြီးမှသာ လည်ပတ်ခွင့်ပြုထားပါတယ်။
ဒီအိမ်ကြီးထဲကို ဝင်ရောက်လည်ပတ်သူတွေဟာ အမျိုးမျိုးသော ခြောက်လှန့်မှုတွေကို ခံရမှာဖြစ်ပြီး တော်ရုံသတ္တိနဲ့တော့ ဝင်လည်ဖို့မဖြစ်နိုင်ပါဘူး။
ဒီအိမ်ကြီးအတွင်းမှာ တွေ့ကြုံရတဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေကြောင့် အပြီးထိ ဆက်လက် မနေနိုင်ဘဲပြေးထွက်ကြသူတွေနဲ့ အရမ်းကြောက်လွန်းပြီး အော်ဟစ်ငိုကြွေးကြသူတွေတောင် ရှိကြပါတယ်။
ကြုံတွေ့ရမယ့်အရာတွေက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ကိုယ်တိုင်မြင်တွေ့နိုင်စေဖို့အတွက် ဒီအိမ်ကြီးအကြောင်းရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia