သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာ (၅)မျိုး - Myanmarload

သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာ (၅)မျိုး

https://s9.kh1.co/2e/2e8f853b6cf4394de4d7b6ffe4b8b56544dec1ed.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ
 22-Sep-2021 2pm · 2 months ago

ကိုယ်နေ့စဉ်စားနေတဲ့ အစားအစာတွေနဲ့ ကိုက်ညီရဲ့လားဆိုတာ

ဇရာဆိုတာက ဟန့်တားလို မရတဲ့ အရာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ကိုယ့်ရဲ့ ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီးငယ်ရွယ်နုပျိုစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ အရွယ်တင်နုပျိုစေဖို့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ သုံးတာတင် မဟုတ်ဘဲ၊ အစားအသောက်တွေ စားပြီးတော့လည်း အရွယ်တင်နုပျိုအောင် လုပ်လိုရပါတယ်။

ဖရဲသီး

https://s9.kh1.co/__image/w=650,h=434,q=100/22/22dd4207d0b4aaaa07827a390930b3042e750e49.jpg
Photo Credit - Google

ဖရဲသီးမှာ ရေဓာတ်ပါဝင်မှုများတာကြောင့် အသားအရေကို နူးညံ့စိုပြေစေပါတယ်။ သူမှာပါဝင်တဲ့ Antioxidants က UV ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ထောပတ်သီး

https://s9.kh1.co/__image/w=650,h=428,q=100/45/45a48aa5aa9897c8e6837cd1da126b6d5757e6ff.jpg
Photo Credit - Google

ထောပတ်သီးမှာ လူအတွက်အကျိုးရှိတဲ့အဆီဓာတ်တွေ ပါဝင်နေတာကြောင့် တစ်နေ့တစ်လုံးစားပေးခြင်းဟာ ကိုလက်စထရောကိုကျစေပြီး ကျန်းမာတဲ့ အသားအရည်အလှကိုရရှိစေမှာပါ။

ကြက်ဉ

https://s9.kh1.co/__image/w=650,h=325,q=100/4c/4c7c685761231fd3e5ad5371811d29fe0184eefc.jpg
Photo Credit - Google

ပရိုတင်းဓာတ် အဓိက ပါဝင်တဲ့ ကြက်ဉမှာ ခန္ဓာကိုယ် နုပျိုစေဖို့အတွက် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။

ကော်ဖီ

https://s9.kh1.co/__image/w=650,h=473,q=100/1a/1aef8f6ce8e064f1f6e3784ee8f087a774bd7aae.jpg
Photo Credit - Google

ကော်ဖီက အသားအရေအတွက် ကောင်းမွန်စေတဲ့အရာတွေထဲက တစ်ခုပါ။ သုတေသနတွေအရ တစ်နေ့ကို ကော်ဖီ ၄ ခွက်သောက်တဲ့သူက မသောက်တဲ့သူထက် ပိုပြီးနုပျိုစေနိုင်ပါတယ်တဲ့။ အနည်းဆုံး တစ်နေ့ကို တစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။

မုန်လာဥနီ

https://s9.kh1.co/__image/w=650,h=341,q=100/08/082314b18aaf1e330148612de171c9956bd4f644.jpg
Photo Credit - Google

မျက်စိအားကောင်းချင်ရင် မုန်လာဥနီစားဆိုပြီးပြောကြပေမယ့် လူတွေသိပ်မသိကြသေးတဲ့ နောက်တစ်ခုကတော့ အသားအရည်အလှ ကိုပါ များစွာအထောက်အပံ့ပေးနေတာပါ။ မုန်လာဥနီကိုချက်စားမယ်ဆိုရင်တော့ အကျက်မလွန်အောင် ဂရုစိုက်ဖို့လိုမယ်နော်။

Cherry Nwe Oo
CNO

ဆက်စပ်ဆောင်းပါး