ချစ်ဇနီးလေးအူဝဲနဲ့သွားတွေ့ရင်း မျက်နှာကြီးဆူပုတ်ကာပြန်လာတဲ့ ပြေတီဦးရဲ့ရယ်ရခက်ငိုရခက်အဖြစ်အပျက်ကို ဖွင့်ဟလာတဲ့ လူငယ်တစ်ဦး - Myanmarload

ချစ်ဇနီးလေးအူဝဲနဲ့သွားတွေ့ရင်း မျက်နှာကြီးဆူပုတ်ကာပြန်လာတဲ့ ပြေတီဦးရဲ့ရယ်ရခက်ငိုရခက်အဖြစ်အပျက်ကို ဖွင့်ဟလာတဲ့ လူငယ်တစ်ဦး

https://s9.kh1.co/ae/ae7d8f5ecf8fd5c8b78616bfa468e8a56fff4638.jpeg
အနုပညာရှင်များ
 20-Sep-2021 11am · a month ago

ချစ်ဇနီးလေးအူဝဲနဲ့သွားတွေ့ရင်း မျက်နှာကြီးဆူပုတ်ကာပြန်လာတဲ့ ပြေတီဦးရဲ့ရယ်ရခက်ငိုရခက်အဖြစ်အပျက်ကို ဖွင့်ဟလာတဲ့ လူငယ်တစ်ဦး

ပြည်သူချစ်မင်းသား၊မင်းသမီး​တွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အနုပညာလောကမှာအောင်မြင်မှုတွေကိုရရှိထားတာဖြစ်ပါတယ်။ဧပြီလ (၉)ရက်နေ့ကတော့ ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်လုံးက၅၀၅(က) ပုဒ်မနဲ့ နေအိမ်တွင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်က ဒီနေ့အထိပြန်မလွတ်သေးဘဲ ဖမ်းဆီးခံထားရတာ (၅)လကျော်ရှိသွားပြီဖြစ်လို့ ပြည်သူတွေကလည်း အရမ်းသတိရနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/e6/e658c1d8f4756f4a2fc44473adeca6594fd90b23.jpeg
Photo Credit: Original Uploder 
https://s9.kh1.co/__image/w=650,h=867,q=100/cc/cc16568061dc12a9e52626e0943f01f194295d15.jpeg
Photo Credit: Original Uploder 

ပြေတီဦးတို့ဇနီးမောင်နှံနဲ့ ထောင်တွင်းမှာ တွေ့ဆုံခဲ့ရတဲ့ လူငယ်တွေကလည်း အရမ်းသတ္တိရှိကြတဲ့ သူတို့နှစ်ယောက်ကို လေးစားပြီးချီးကျူးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်တစ်ဦးက ဦးတီနဲ့ အူဝဲတို့ရဲ့အဖြစ်အပျက်လေးတစ်ခုကို ရေးသားလာခဲ့တာဖြစ်ပါတယ်။ထောင်မှာဆိုရင် တရားဝင်လင်မယားတွေ အချုပ်အတူတူကျတဲ့အခါ (၂)ပတ်မှ တစ်ခါပဲတွေ့ခွင့်ရှိတာဖြစ်ပါတယ်။အဲ့ဒီတစ်ရက်ကတော့ တနင်္ဂနွေနေ့ဖြစ်ပြီး ဦးတီကလည်း အူဝဲဆီကိုသွားတွေ့ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=405,h=303,q=100/a7/a7e0a4dc5dfe627a20a4335aebeff2c553786d82.jpeg
Photo Credit: Original Uploder 
https://s9.kh1.co/__image/w=650,h=877,q=100/3b/3b40cfde40cf69c05c4a182f965e5f34d0c3d087.jpeg
Photo Credit: Original Uploder 

ချစ်ဇနီးလေးနဲ့တွေ့ရတော့မယ့် ဦးတီက သေချာဖြီးလိမ်းပြင်ဆင်ကာ သွားတွေ့ခဲ့ပေမယ့် မျက်နှာကြီးဆူပုတ်ပြီးပြန်လာတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးလည်း ဘာဖြစ်တာလဲဆိုပြီး မသိမသာလေးမေးကြည့်တဲ့အခါမှာ နို့ထမင်းလှူတာ စာရင်းလွဲနေတာကြောင့် အူဝဲက ဆူလိုက်တာလို့သိရပါတယ်။အူဝဲဆူလိုက်လို့ တစ်နေကုန်ထိုင်စိတ်ကောက်နေတဲ့ ဦးတီရဲ့ ငိုရခက်ရယ်ရခက် အခြေအနေလေးကို ပြည်သူတွေလည်းဖတ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/c0/c0a52c229885a63139606f53c12b3a91d0059d0f.jpeg
Photo Credit: Original Uploder 
https://s9.kh1.co/__image/w=650,h=957,q=100/03/030a2779f3b946cc2ce11d927a6be89a6857eb89.jpeg
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder

Snow
snow

ဆက်စပ်ဆောင်းပါး