(၇)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ လက်ရှိပြည်တွင်းရေးအခြေအနေမှာ ပြည်သူလူထုဘက်ကလည်း ဆုံးရှုံးမှုတွေများနေပေမယ့် အားတင်းရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။တချို့သူရဲကောင်းတွေ ကျဆုံးသွားခဲ့ပြီး တချို့တွေလည်းဖမ်းဆီးခံထားရတာကြောင့် နွေးထွေးတဲ့မိသားစုဘဝလေးတွေ လူမစုံတော့တာဖြစ်ပါတယ်။ဒီလိုအခြေအနေကနေပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် တချို့ပြည်သူတွေက တောထဲဝင်ပြီး စစ်ပညာသင်ကြားနေကြတာပဲဖြစ်ပါတယ်။
သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ညီနန္ဒကလည်း အခုချိန်မှာ အဝေးတစ်နေရာကိုရောက်ရှိနေပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။ဒါ့အပြင် သူနဲ့ရင်းနှီးခင်မင်ရတဲ့ အနုပညာရှင်တချို့လည်းဖမ်းဆီးခံထားရတာကြောင့် သူတို့အတွက်လည်းဆုတောင်းပေးနေတာဖြစ်ပါတယ်။ပိုင်တံခွန်ဆိုရင် ယနေ့အချိန်ထိပြန်လည်မလွတ်မြောက်သေးတာကြောင့် သူ့ရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေလည်းစိတ်ပူပန်နေရတာပဲဖြစ်ပါတယ်။
ဒီနေ့လေးကတော့ ပိုင်တံခွန်ရဲ့ (၂၅)နှစ်ပြည့်မွေးနေ့လေးဖြစ်လို့ ပရိသတ်တွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာသတိတရနဲ့ မွေးနေ့ဆုတောင်းလေးရေးပေးကြပါတယ်။ညီနန္ဒကလည်း "ဘယ်လိုမှမပျော်ရွှင်နိုင်တဲ့ ညီလေးရဲ့မွေးနေ့လေးမှာ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်" ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ပိုင်တံခွန်လည်း မွေးနေ့လေးမှာအရင်လိုမပျော်ရွှင်ပေမယ့် ပရိသတ်တွေနဲ့ မိတ်ဆွေတွေရဲ့ ဆုတောင်းမေတ္တာလေးတွေကိုရရှိထားတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Nyi Nanda’s Facebook page