အဆိုတော် Rဇာနည်ကတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်မှုတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိမှာတော့ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ မိသားစုတွေရဲ့ အဝေးကို ရောက်ရှိနေကာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်တပ်တစ်အားပါဝင်နေတဲ့ Rဇာနည်ကတော့ Public Voice TV အစီအစဉ်တွေမှာလည်း ပါဝင်နေတာ တွေ့ရပါတယ်။
Rဇာနည်ကတော့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တရားဝင်ထုတ်ပြန်လိုက်တဲ့ D Day နေ့နဲ့ ပတ်သက်ပြီး ပြည်သူတွေ လုပ်ဆောင်ရမယ့် လွဲမှားနေတဲ့လုပ်ဆောင်မှု အရာလေးတွေကို ပြောပြလာပါတယ်။ D Day နေ့ကို ကြေညာလိုက်ပေမယ့် ပြည်သူတွေအနေနဲ့ ကြောက်မနေဘဲ တတ်နိုင်သလောက် ပါဝင်ကူပေးကြဖို့၊ ရိက္ခာတွေကို အလုအယက်မဝယ်ဘဲ ဝေငှပေးကာ လိုအပ်လာရင် သူရဲကောင်းတွေကို ခိုနားခွင့်ပေးဖို့နဲ့ ငြူစူမနေဘဲ ဝိုင်းတွန်းရမှာဖြစ်တဲ့အကြောင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်။
ကိုယ်တိုင်ကလည်း အင်တိုက်အားတိုက် အစွမ်းကုန်ကြိုးစားနေသလို အားလုံးဝိုင်းကူ ပါဝင်ပေးကြမှ အောင်မြင်မယ့် အရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အလွဲလေးတွေကို Rဇာနည်က ဝေမျှသတိပေးလိုက်တာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေနဲ့ နေထိုင်စောင့်ဆိုင်းရင်း ပြည်သူတွေလည်း သတိထားဆင်ခြင်မိကြမှာမို့ Rဇာနည်ရဲ့ အကြံပေးစကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ R Zar Ni's Fb Page