စစ်ပြေး ဒုက္ခသည်များအတွက် အရေးကြီး လိုအပ်တာ အဝဝကို ကူညီဆောင်ရွက်ပေးရန် အလှူငွေ (၁၀) သိန်းကို ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ လုလုအောင်

//s9.kh1.co/7d/7d314f067d53f9125f7c65d2dda8f3da09236a0f.jpeg
အနုပညာရှင်များ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

တစ်ချို့နေရာတွေမှာ အခြေအနေ အမျိုးမျိုးကြောင့် တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပြီး ပြည်သူတွေ တော်တော်များများကလည်း အသက်ဘေးအန္တရာယ် ကင်းလွတ်ဖို့အတွက် ရှိသမျှတွေကို စွန့်ပစ်ခဲ့ရပြီး တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေကြရဆဲပါ ။နေအိမ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်နေကြတာကြောင့် အစစအရာရာ ခက်ခဲနေကြပြီး အစားအသောက် နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ အကူအညီ အများအပြား လိုအပ်နေကြတာလည်း ဖြစ်ပါတယ်။

Photo Credit : CCC Team Facebook Page 
Photo Credit : CCC Team Facebook Page 

ဒါကြောင့်လည်း စာနာစိတ်အပြည့်နဲ့ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ စုပေါင်း​ပြီး ဒီလို နေရာအစုံက အကြောင်းမျိုးစုံသော အခက်အခဲတွေကို အစွမ်းကုန် ဖြေရှင်းနေကြရပါတယ် ။ ဒီလို လှူဒါန်းကြသူတွေ အထဲမှာ အနုပညာရှင်တွေလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီး ပြည်သူတွေနဲ့ အတူ ရပ်တည်လျက်ရှိတာကို လေးစားစွာတွေ့ရပါတယ် ။

Photo Credit : CCC Team Facebook Page 
Photo Credit : CCC Team Facebook Page 

အခုလည်း  စူပါမော်ဒယ် လုလုအောင်က စစ်ပြေးရှောင် ပြည်သူတွေ အတွက် လိုအပ်တာများ ဝယ်ယူရန် အတွက် အလှူငွေ (၁၀) သိန်းကို လှူဒါန်းခဲ့ပါတယ် ။ လက်ခံရရှိသည့် အလှူငွေများကို မိုင်ဂျာယန်ဒေသအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနဲ့ ကျောင်းသူ၊ကျောင်းသားများအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဆေးဝါးများဝယ်ယူရန် အသုံးပြုသွားမယ်လို့လည်း သိရပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းကို ဝေမျှပေးရင်း လုလုအောင်လည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : CCC Team Facebook Page 
Photo Credit : CCC Team Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T