ခိုင်နှင်းဝေကတော့ ခက်ခဲနေတဲ့ပြည်သူတွေကို နေ့စဉ်ရက်ဆက် ပံ့ပိုးကူညီပေးနေပြီး ဟင်းချက်စရာနဲ့ ဆန်၊ဆီတို့ကိုလည်း လှူဒါန်းနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ အလှူပုံရိပ်တွေကိုကြည့်ပြီး တချို့ပြည်သူတွေက သဒ္ဓါတရားထက်သန်လာကာ သူမဆီမှာ အလှူငွေထည့်ဝင်ကြပါတယ်။သူမရဲ့ သားသမီးလေးတွေကိုလည်း မေတ္တာအပြည့်ပေးပြီး ကျွေးမွေးစောင့်ရှောက်တာကြောင့် ကလေးတွေက ကျန်းကျန်းမာမာနဲ့ တဖြည်းဖြည်းကြီးပြင်းလာကြပြီဖြစ်ပါတယ်။
ခိုင်နှင်းဝေက မကျန်းမာတဲ့တချို့ကလေးလေးတွေကိုလည်း တစ်နိုင်တစ်ပိုင်ကုသစရိတ်ထောက်ပံ့ပေးလေ့ရှိပြီးကိုယ်လက်အင်္ဂါမပြည့်စုံသူတွေကိုလည်း ခြေတု၊လက်တုတွေလှူဒါန်းပေးတာဖြစ်ပါတယ်။အခုလတ်တလောမှာတော့ သူမက ခြေတု၊လက်တုစက်ရုံ တည်ထောင်ရန်အတွက် စတင်အကောင်အထည်ဖော်နေပြီပဲဖြစ်ပါတယ်။အလှူရှင်တစ်ဦးက ခိုင်နှင်းဝေဆီမှာ အသေးစားစက်ရုံဆောင်လုပ်နိုင်တဲ့ မြေကွက်တစ်ခုလှူဒါန်းထားတာဖြစ်ပါတယ်။
ခိုင်နှင်းဝေက ခြေတု၊လက်တုစက်ရုံ တည်ဆောက်ပြီးနောက်မှာ လိုအပ်နေတဲ့မည်သူ့ကိုမဆို အခမဲ့တပ်ဆင်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။စက်ရုံအတွက် စက်များဝယ်ယူခြင်း၊ပညာရှင်များခေါ်ယူခြင်းကို အမြန်ဆုံးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။လက်ရှိမှာ လှူဒါန်းထားတဲ့ တောင်ဒဂုံ (၁၀၅)မြေကွက်က ခြုံနွယ်တွေရှိပြီး မိုးရာသီဖြစ်လို့လမ်းမကောင်းပေမယ့်လည်း သူမကိုယ်တိုင် သွားရောက်ကြည့်ရှု့ခဲ့တဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Khine Hnin Wai’s Fb Acc