ဂင်းနစ်စံချိန်ဆိုတာ မိမိကြိုးစားလို့ရလာတဲ့ ရလဒ်တစ်ခုဆိုရင် မမှားပါဘူး။ ဒီလိုစံချိန်တင်နိုင်ဖို့အတွက် လူတိုင်းမှာအခွင့်အရေးရှိပါတယ်။ ကိုယ့်မှာရှိတဲ့ သူများနဲ့မတူတဲ့အစွမ်းအစကို ထုတ်ပြနိုင်မယ်ဆို သင်ဟာ တစ်နေ့ကျ စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းဟာ ကျရှုံးမှုနဲ့တော့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒိုမင်နီကန်အဆိုတော် ကားလို့စ်ဆေးဗား( Carlos Silver ) ကလည်း လူတွေမဖြစ်နိုင်ဘူးထင်တဲ့အရာတစ်ခုကို လုပ်ပြဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့နေ့မအိပ်ညမအိပ် ငါးရက်နီးပါး (နာရီပေါင်း ၁၀၆)နာရီ ကြိုးစားသီဆိုဖျော်ဖြေမှုဟာ အချင်းနှီးဖြစ်ခဲ့ရပါတယ်။ ကမ္ဘာ့ဂင်းနစ် အဖွဲ့က သူ့ရဲ့ ကြိုးပမ်းမှုကို ပယ်ချခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ သူဟာ အဖွဲ့ကထုတ်ပြန်တဲ့ စည်းကမ်းတစ်ခုကို မလိုက်နာခဲ့လို့ပါ။ အဲ့ဒါကတော့ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ်ကြားမှာ စက္ကန့်သုံးဆယ်သာအနားယူရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ သူဟာ သီချင်းတွေကို မနားပဲဆက်တိုက်ဆိုခဲ့ပြီတော့ အစာစားချန်ရေသောက်ချိန်အတွက် နှစ်မိနစ်ခန့် နားခဲ့မိလို့လို့ဆိုပါတယ်။
ဒါပေမယ့် သူကတော့ သူအနားယူတဲ့ အချိန် မိနစ်ပေါင်းဟာ ဂင်းနစ်အဖွဲ့ကအနားပေးထားတဲ့အချိန်ထက် ပိုနည်းပါတယ်လို့ တုံ့ပြန်ပြောဆိုထားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ သူဒီလို အပေါ့မသွားအလေးမသွား မအိပ်မနေပဲ ငါးရက်နီးပါး (နာရီပေါင်း ၁၀၆ နာရီ) လောက် သီဆိုခဲ့တာဖြစ်ပါတယ်။ အီဂန်နီယို မာရီယာဒီဟိုစတို့စ် ပန်းခြံထဲမှာ ဖျော်ဖြေသီဆိုမှုအပြီးမှာတော့ ဆေးရုံမှာ ပုလင်းချိတ်ရတဲ့ အခြေအနေထိ ရောက်သွားခဲ့ရပါတယ်။ သူကတော့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ရတဲ့အတွက် ကျေနပ်ပါတယ်လို့တော့ဆိုခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Amicohoop