တရုတ်နိုင်ငံ မြောက်ပိုင်း ချောင်ချမ်းဆိုတဲ့ မြို့လေးမှာ ဘောဘီလို့အမည်ပေးထားတဲ့ ခွေးလိမ္မာလေးတစ်ကောင်ရှိပါတယ်။ ခွေလေးဟာ ဟာ ဘယ်လောက်တောင် လိမ္မာလဲဆိုရင် နေ့တိုင်းသူ့ဘာသာသူ ပိုက်ဆံလေးကို ကိုက်ပြီး ဈေးဆိုင်တွေမှာ ပုံမှန်မုန့်ဝယ်စားတတ်ပါတယ်။ ခွေးလေးရဲ့ ထူးခြားလွန်းတဲ့ အချက်တစ်ချက် လည်းရှိနေပါသေးတယ်။
အဲ့ဒါကတော့ ဘောဘီလေးဟာ သူယူလာတဲ့ ပိုက်ဆံနဲ့ ဝယ်စားမယ့် မုန့်ရဲ့ တန်ဖိုးကို တွက်ချက်တက်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သခင်က ငွေတစ်ယွမ်အမြဲ ပေးလေ့ရှိပြီး ထိုငွေနဲ့ ဈေးဆိုင်ထဲက ကြက်အူချောင်း (သို့) ကြက်တောင်ပံ ကိုယ်တိုင်ဝယ်ပြီး စားလေ့ရှိပါတယ်။ ခွေးလေးရဲ့ ပုံစံလေးဟာ အလွန်ချစ်စရာ ကောင်းလွန်းတာကြောင့် တွေ့တိုင်း လူတိုင်းက သူ့ကို ချစ်ကြပါတယ်။
အခုလို သူ့ရဲ့ သခင်ဆီက နေ့တိုင်းမုန့်ဖိုးယူပြီး မုန့်ဝယ်စားနေတာဟာ ဆိုရင် ၇နှစ်ကျော် ရှိလာခဲ့ပါပြီ။ တခါတလေ သူ့ကို ချစ်တဲ့ လူတွေက တန်ဖိုးနည်းတာနဲ့ တန်ဖိုး ကြီးတဲ့ ပိုက်ဆံနှစ်ရွက်ကို ချပြထားရင် တန်ဖိုးကြီးတဲ့ ပိုက်ဆံလေးကို အမြဲ ရွေးချယ်သွားတယ်လို့လည်း သိရပါတယ်။ ဒီလောက်ဆိုရင်တော့ ဒီခွေလေး ဘယ်လောက် လည်လဲဆိုတာ သိရပါပြီ။
သတင်း အရင်းအမြစ်៖ Blogger Arena