ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူသားတွေဟာ တီထွင်ကြံဆမှုများ ရှိခဲ့ကြပါတယ်။ ခုဖော်ပြမယ့် အကြောင်းအရာကလည်း ရှေးဦးလူတွေ ပြုလုပ်ဖန်တီးခဲ့ကြတဲ့ ကမ္ဘာတစ်လွှားက ရှေးဟောင်းနည်းပညာတွေနဲ့ ပတ်သက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ငလျင်တိုင်း ကိရိယာအကြောင်းကို ဖော်ပြမှာပါ။
လွန်ခဲ့တဲ့ နှစ်၂၀၀၀ ခန့်က ကမ္ဘာ့ ပထမဆုံး ငလျင် တိုင်းတဲ့ နည်းပညာကို တရုတ် လူမျိုး "Zhang Chang Heng" က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သံလိုက် အိမ်မြောင်တပ်ထားတဲ့ ကြေးအိုးကြီးမှာ နဂါး ၈ ကောင်နှင့် ဖား ၈ ကောင် တည်ရှိပါတယ်။ အဲ့အရုပ်တွေက မိုးလေဝသနဲ့ ပတ်သက်ပြီး ဘယ်လိုခန့်မှန်းပေးသလဲဆိုတာကို ဆက်လက် ဖော်ပြထားပါတယ်။
နဂါး နှင့် ဖားရုပ်ထုရဲ့ ပါးစပ် အရှည်လိုက် မြှောင်းထဲမှာ ကြေးဝါဘောလေးများ ထည့်သွင်း ထားပါတယ်။ ငလျင် လှုပ်ခတ်တဲ့အခါမှာ ဖားပါးစပ် အထဲက အရှည်လိုက် အံဝှက် အတွင်းရှိ ကြေးဝါ ဘောလေး စတင်လှုပ်ခတ်ပြီး ငလျင်လှုပ်ရာ အရပ်မျက်နှာကို ညွှန်ပြပေးပါတယ်။ အဲ့ဒီနည်းပညာဟာ အဲ့ခေတ်အခါတုန်းက ပြိုင်စံရှား မိုးလေဝသ ခန့်မှန်းပညာရပ် တစ်ခုပဲဖြစ်ပါတယ်။ လူသားတွေရဲ့ တီထွင်နိုင်စွမ်းကလည်း တကယ့်အံ့မခန်းပါပဲ။
သတင်း အရင်းအမြစ်៖ Did you know